Part 48

7.6K 204 6
                                    

Unicode ver

''သမီးတကယ်ပဲအဲ့လိုစဥ်းစားထားတာလား
ကောင်လေးကိုတကယ်ပဲပြောမပြဘဲနေမယ်ပေါ့''

ဒယ်ဒီ့အမေးကို သည်းသက်ခေါင်းလေးအသာငြိမ့်ပြလိုက်တော့ ဒယ်ဒီကခပ်ဖွဖွပြုံးလေ၏။

''ကိုယ့်အုတ်ဂူကို ကိုယ့်မျက်လုံးနဲ့သေသေချာချာကြည့်ခဲ့ပြီး အဲ့ဒီဘဝကိုသေဆုံးပြီးသားအဖြစ်သတ်မှတ်မယ်ဆိုရင် ဘာလို့တစ်ဖက်လူဆီ အစအနသွားပေးခဲ့ရတာလဲသမီး...ဒါကသိပ်အန္တရာယ်များတယ်၊သူဘယ်လိုတုံ့ပြန်လာမလဲ မသိနိုင်ဘူးလေ''

''အဲ့ဒီတစ်ယောက်ကိုပဲပေးသိမှာပါ ဒယ်ဒီ''

''ကလေးမဆန်နဲ့ သမီး
အရာတိုင်းကသမီးဖြစ်ချင်သလိုပဲဖြစ်လာမှာတဲ့လား...သူကနေတဆင့်ကောင်းကင်မျိုးဆက်သိသွားခဲ့ရင် သမီးလိုချင်တဲ့အနေအထားတွေအားလုံးပျက်စီးသွားလိမ့်မယ်နော်''

''.....''

''ဒါကကြိုးတန်းမျှင်မျှင်ပေါ်လမ်းလျှောက်ရသလိုပဲ
သမီးခံစားချက်ကိုလည်း ဒယ်ဒီိနားလည်တယ်..ဒါကြောင့်သမီးလုပ်ချင်တာကိုမတားဘူး...ဒါပေမဲ့တစ်ခုခုမှားယွင်းသွားမှာကိုလည်းစိုးတယ်''

ဒယ်ဒီ့အသံလှိုင်းတွေဟာ အနည်းငယ်အက်ကွဲသယောင်ရှိသည်။လက်ဖဝါးနွေးနွေးက ခေါင်းလေးကိုလာပုတ်ပေးရင်း ငုံ့ကြည့်နေသည့်မျက်ဝန်းများမှာလည်း ဂရုဏာအပြည့်နှင့်ဖြစ်၏။

ဒယ်ဒီဟာ သည်းသက်ကိုတကယ်ပဲသိပ်ချစ်သည့်လူသားကြီးပင်။

''ဒယ်ဒီ့ကိုနည်းနည်းလောက်ပြောပြချင်လား
သမီးနဲ့အဲ့ကောင်လေးရဲ့ဆန်းကြယ်လွန်းတဲ့အချစ်ရေးကံကို ဒယ်ဒီစိတ်ဝင်စားတယ်။သူနဲ့သမီးဘယ်တုန်းကတည်းကစသိခဲ့တာလဲ''

''သမီးတို့အသက်၁၂နှစ်ကတည်းကသိခဲ့တာပါ
အရင်ကမိုးကုတ်မြို့မှာ မြပယင်းလို့ခေါ်တဲ့စံအိမ်ရှိတယ်၊သမီးမိဘအရင်းတွေက ဦးစိုင်းမာန်နဲ့ဒေါ်မိုးပွင့်လွှာတဲ့''

''ဒါဖြင့် သမီးလေးနာမည်ကရော''

''လွမ်းဥဩငယ်''

နာမည်လေးကိုရေရွတ်ပြတော့ ဒယ်ဒီကခေါင်းလေးတငြိမ့်ငြိမ့်လုပ်နေပြန်သည်။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now