Unicode ver
တုန်ယင်လှိုက်ခါနေတဲ့အသံလှိုင်းကလေးကြားရချိန်မှာ သူ့ရဲ့လှုပ်ရှားမှုတွေလည်းရပ်တန့်သွားခဲ့ရ၏။တကယ်တော့ အသည်းနိုးလာခဲ့ရင် ဘယ်လိုပုံစံမျိုးနဲ့မျက်နှာချင်းဆိုင်ပြီး ဘာစကားတွေစပြောရမယ်မှန်း သူမသိခဲ့ဘူး။ပြောချင်တာတွေများလွန်းပေမယ့် အဆီအငေါ်မတည့်တဲ့စကားလုံးတွေ မှားယွင်းပြောထွက်မှာကို စိုးရိမ်တယ်။
သူ့ဆီကစကားတစ်ခွန်း...၊လုပ်ရပ်တစ်ခုဟာ အသည်းအတွက် နာကျင်စရာဖြစ်သွားစေမှာကြောက်မိသည်က စိတ်မှာစွဲကပ်သွားခဲ့တဲ့ traumaတစ်ခုလိုပဲ။
''အသည်း ဒါကိုမကြိုက်တော့လို့လား ဟုတ်လား...အဲ့ဒါဆိုမောင်ဘာလုပ်ပေးရမလဲဟင်´´
''အဟင့်! ဟင့်!´´
သူကသာစကားတွေဆက်ပြောနေသလောက် သူမဆီကဘာစကားသံမှထပ်၍ထွက်မလာတော့ဘဲ မျက်ရည်အပြည့်နဲ့နီညိုရောင်တွေက ငေးငေးစိုက်စိုက်ကြည့်နေတာသိသည်။သို့သော် ရင်ဆိုင်နိုင်စွမ်းမရှိစွာမျက်နှာကိုလွှဲထားလိုက်တော့ အပြင်းအထန်ရှိုက်ငိုသံလေးထွက်ပေါ်လာ၏။သို့မှ သူ့မှာစိုးရိမ်တကြီးဖြင့် အနားပြေးသွားဖို့ပြင်လိုက်ပေမယ့် လက်ရှိအခြေအနေအရ ပိုင်စိုးပိုင်နင်းထိကိုင်ရက်ဖို့တောင် မဝံ့ရဲစိတ်ကလေးနှင့် လက်တစ်ဖက်ကိုခပ်ကျစ်ကျစ်ဖိဆုပ်ထားကာ ကုတင်ဘေးခုံလွတ်လေးမှာသာဆက်၍ထိုင်နေရင်းမှ...
''မောင်
မောင်တောင်းပန်ပါတယ်ကွာ´´''.....´´
''တ...တကယ်တော့လေ အများကြီးစိတ် ပူစရာမရှိဘူး၊မောင့်ဒဏ်ရာက...´´
''ဟင့်! ဟင့်! ဟီး!!´´
ထစ်အ,ချင်သလိုရှိသည့်စကားသံကိုထိန်း၍ပြောနေခိုက်မှာပင် သူ့မှာလူတစ်ကိုယ်လုံး လေဟာနယ်ပေါ်သိမ့်ခနဲမြောက်တက်သွားသည့်နှယ် နှလုံးသားဆီမှဒိန်းခနဲအကြီးအကျယ်မြည်ဟီးသွားလေ၏။ပြောလက်စ,စကားသည်လည်းအစပျောက်ရပ်တန့်သွားခဲ့ရသည့်အကြောင်းမှာ ဝမ်းပန်းတနည်းငိုရှိုက်နေတဲ့အသည်းပေါက်စလေးက ကုတင်ပေါ်မှရုန်းထရင်း သူ့ပေါင်ပေါ်စွေ့ခနဲရောက်လာ၍...။ခေါင်းလေးကရင်ခွင်ထဲတိုးဝင်လျက် လက်တံသွယ်လေးများက သူ့လည်တိုင်ဆီချိတ်ယှက်ရင်း ကိုယ်လေးသိမ့်သိမ့်တုန်အောင်ထပ်၍ငိုကြွေးနေပြန်သည်အထိ သူ့မှာမယုံနိုင်ခြင်းများစွာနှင့်...။
DU LIEST GERADE
💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)
Romantik''ခြားနားခြင်းတွေ ဘယ်လောက်များလည်း... နာကျင်ခြင်းတွေ ဘယ်လောက်များလည်း... အရာရာဟာ ပြောင်းလဲသွားခဲ့လည်း... နှလုံးသားတွေ မပြောင်းလဲခဲ့တဲ့အခါ ကိုယ်တို့ကျိန်းသေထပ်ချစ်နိုင်ကြတယ်....၊ မိုင်ပေါင်းများစွာ ဝေးကွာခဲ့ရလည်း ဒီနှောင်ကြိုးတွေဟာဖြင့် ဘယ်အခါမှ မပြယ...