Part-26

11.1K 267 0
                                    

Unicode ver

''Ring!´´

အနည်းငယ်မိုးချုပ်နေပြီဖြစ်သောအချိန်မှ ဖုန်းထဲအဆတ်မပြတ်ဝင်လာသည့်ခေါ်ဆိုခြင်းတွေကြောင့် သည်းသက်အလုပ်လုပ်နေရာမှ ဖျတ်ခနဲလှမ်းကြည့်လိုက်မိ၏။အလုပ်ကိစ္စဖြစ်မယ်ထင်လိုက်ပေမယ့် screenမှာပေါ်နေသည့်နံပါတ်က contact listမှာမရှိ။သို့သော်ဒီနံပါတ်ကိုမြင်ဖူးသလိုလိုရှိနေပြီး သေချာတော့မမှတ်မိသည်နှင့်Answerနေရာလေးအားနှိပ်၍...

''Hello!´´

''Hello! သည်းသက်
သည်းသက်လား´´

တစ်ဖက်ကအသံဟာအလျင်စလိုနဲ့ တုန်ယင်နေပြီး တစ်ခုခုကိုအရေးတကြီးပြောချင်နေပုံရ၏။အသံကိုနားထောင်လိုက်မှ သည်းသက်လည်းဘယ်သူဆက်မှန်းသိသလိုရှိသွားရသည်။

''ကိုထွဋ်လား
ကိုထွဋ်က ဒီနံပါတ်ကိုဘယ်လိုလုပ်ပြီး...´´

''အခုအဲ့ဒါကအရေးမကြီးဘူး
သည်းသက် ကိုယ်ပြောတာနားထောင်...ဖုန်းကိုမချလိုက်နဲ့နော်´´

''.....´´

''ကောင်းကင် ကားအက်စီးဒန့်ဖြစ်လို့
အခုဆေးရုံမှာ´´

''ရှင်!´´

ကြားလိုက်ရသည့်စကားသံကြောင့် လူကဟင်းလင်းပြင်ဆီလွင့်ထွက်သွားသလို အသက်ရှူနှုန်းများပင်ရပ်တန့်ကာ ရင်တွေလည်းတဒိတ်ဒိတ်တိုးခုန်လာ၏။တုန်ယင်ဆွံ့အနေသည့်နှုတ်ဖျားက ဘာစကားမှမထွက်နိုင်သေးခင်မှာ သူကပဲဆက်၍...

''တစ်ခေါက်လောက်တော့လာခဲ့ပေးပါ
ကိုယ်တောင်းဆိုပါတယ်...မင်းတို့ကြားမှာရှိခဲ့ဖူးတဲ့ပတ်သက်မှုကိုထောက်ညှာပြီးပဲဖြစ်ဖြစ် တစ်ခါလောက်တော့လာကြည့်ပေးပါကွာ...သူ...သူ...မင်းကိုအရမ်းသတိရနေတာ´´

တောင်းဆိုသလိုပြော၍ တစ်ဖက်ကဖုန်းချသွားသည်နှင့်တပြိုင်နက် လူကချက်ချင်းပဲထရပ်မိကာ လှေကားထစ်တွေမှဝရုန်းသုန်းကားပြေးဆင်းလာမိ၏။ထိုအခါအောက်ထပ်ဧည့်ခန်းမှာရှိနေတဲ့မာမီက အကဲခတ်သလိုလှမ်းကြည့်လျက်မှ...

''သမီး ညမိုးချုပ်နေပြီကို
ဒါကဘယ်လဲ´´

စကားကိုပြန်မဖြေနိုင်။ဆောက်တည်ရာမရဖြစ်နေသော စိတ်အစဥ်ဟာ ချစ်ရသူရှိမယ့်နေရာကိုသာပြေးထွက်သွားဖို့ ဦးတည်နေခဲ့တော့ မာမီကအရှေ့တည့်တည့်မှပိတ်ရပ်လာ၏။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now