part-6

11.5K 301 5
                                    

Unicode ver

''ကိုကို!
သူက...၊ဒီမိန်းမကကိုကို့ကိုလိမ်ညာပြီး မြှူဆွယ်ဖြားယောင်းခဲ့တာ၊ကိုကိုဒီလိုပဲငြိမ်ခံလိုက်ရလား?´´

''ဒါငါတို့နှစ်ယောက်ကြားကကိစ္စပါ
မင်းနဲ့မဆိုင်ဘူး´´

''ဘာလို့မဆိုင်ရမှာလဲ
ကျေးငယ်ကကိုကို့ရဲ့ချစ်သူလေ´´

''အဲ့လိုဆိုရင်တောင် အခုအချိန်မှာငါ့ရဲ့တရားဝင်ဇနီးဖြစ်တဲ့သူ့အပေါ် ဒီလိုလုပ်ပိုင်ခွင့် မင်းမှာတစ်ခုမှရှိမနေဘူး´´

''ကိုကိုက ယုံလို့လား၊သူက ကိုကို့ကိုအပိုင်ကြံဖို့အတွက်နဲ့ အပြင်မှာသူဖြစ်ချင်ရာဖြစ်ပြီးရလာတဲ့ကလေးကို ကိုကို့သွေးသားလို့လိမ်နေတာဆိုရင်ရော´´

ကြားနေရတဲ့စကားသံတွေကြောင့် ကောင်းကင်အတော်လေးဒေါသတွေထွက်နေ၏။ဘာကြောင့်ဒီလိုဖြစ်နေမှန်း သူကိုယ်တိုင်လည်းသေချာမသိပေမယ့် အခုချိန်မှာလူတောင်သတ်ပစ်ချင်စိတ်ပေါက်နေတာတော့သေချာသည်။သို့သော် လက်ရှိမင်္ဂလာပွဲအနေထားကြောင့် သူဒေါသတွေကိုအတတ်နိုင်ဆုံးမျိုသိပ်၍...

''မင်း ပြန်လိုက်တော့´´

''ကိုကို!´´

''ပွဲထဲမှာသတင်းထောက်တွေရှိတယ်နော်
မနက်ဖြန်သတင်းpageတွေပေါ်မှာ မင်းအကြောင်းရေးတာမမြင်ချင်ရင် အခုချက်ချင်းဒီနေရာကလှည့်ပြန်´´

ခပ်တင်းတင်းကြည့်ကာပြောလိုက်မှ သူမခြေလှမ်းတွေအနည်းငယ်နောက်ဆုတ်၍လှည့်ထွက်သွားလေ၏။

သူ့နောက်ကျောပြင်မှာ တုပ်တုပ်မှမလှုပ်ဘဲငြိမ်ရပ်နေသောပုံရိပ်ထံ ကောင်းကင်တစ်ချက်လှည့်ကြည့်လိုက်သည်။ဒုတိယမြောက်ရိုက်ချက်ကိုသူအချိန်မီတားလိုက်ပေမယ့် ပထအမကြိမ်ရိုက်ခံထားရတဲ့ဘယ်ဘက်ပါးပြင်မှာတော့ လက်ဝါးအရာကြောင့် အနီကွက်တစ်ခုကထင်းနေအောင်ပေါ်၏။ထိုဒဏ်ရာထက်မှာ မျက်ရည်စီးကြောင်းတွေဟာလည်းရွှဲနစ်လို့နေပြီ။

ငုံ့ထားသည့်မျက်နှာကို သူခဏမျှစိုက်ကြည့်နေမိပြီးမှ ချက်ချင်းပင်မျက်လုံးရွှေ့လိုက်ကာ...

''မင်းအပြင်ဘက်ကိုမလိုက်ခဲ့နဲ့တော့
အခန်းပြန်ပြီးနေလိုက်၊ပွဲချိန်လည်းစေ့နေပြီပဲ´´

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Wo Geschichten leben. Entdecke jetzt