Part 47

7.3K 201 6
                                    

Unicode ver

ခပ်ဖျော့ဖျော့အလင်းငယ်သာရှိသောအခန်းထဲငြိမ်သက်စွာထိုင်နေသည့်ပုံရိပ်တစ်ခု...။

လူကငြိမ်နေပေမယ့် အတွေးများကတော့ငြိမ်သက်မနေကြောင်း မှေးကျဥ်းကျဥ်းမျက်ဝန်းတို့ကသက်သေပြုနေသည်။ပြီးတော့ လက်ကြားထဲညှပ်ထားသောစီးကရက်အား မကြာခဏရှိုက်ဖွာရင်း မီးခိုးငွေ့တွေကို အဓိပ္ပာယ်မဲ့စွာငေးကြည့်လိုက်သေး၏။

တရုတ်ပြည်။
တရုတ်ပြည်နယ်စပ်...။ဟုတ်တယ် အဲ့ကလေးမက ထိုပိုင်နက်မှာပျောက်သွားခဲ့တာပဲ။မှောင်ခိုအဖွဲ့နဲ့ထည့်ပေးလိုက်တုန်းက ပြည့်တန်ဆာတန်းလျားမှာအစေခံလုပ်ခိုင်းဖို့...။အဲ့နေရာကနေဆို သေမှလွတ်မြောက်နိုင်မှာလေ...။ဒါပေမဲ့ကလေးကလမ်းမှာ ထွက်ပြေးသွားခဲ့တာ။သူများနိုင်ငံဆိုတော့ ဘယ်မှမသွားတတ်ဘဲလမ်းဘေးမှာသေသွားလိမ့်မယ်ဆိုပြီး ဒီကလေးကိုလျှော့တွက်ခဲ့မိတာ မှားချေပြီလား။

''ဟူး!!´´

သက်ပြင်းတွေအကြီးအကျယ်ချနေမိရပြန်သည်။

မတွေးချင်တော့ဘူးဆိုခါမှ ထိုအတိတ်ဟောင်းကသူ့ကိုနှိုးဆွနေလေပြီ။မြပယင်းရဲ့အမှတ်အသားထွက်ပေါ်လာတာ သူ့အတွက်သေမိန့်လိုပဲ။နာကျင်စရာကောင်းတယ်။အသက်ရှူကျပ်တယ်။ဒါကို ဘယ်သူကပို့လိုက်တာဖြစ်မလဲ။ပတ္တမြားနဲ့နှင်းဆီ...။အဲ့ဒါကအမွေခံမျိုးဆက်တွေမှာသာရှိတဲ့အရာလေ...။

''ဒေါက် ဒေါက်´´

''ဝင်လာ´´

''အစ်ကိုကြီး ဘာလို်ဆေးလိပ်တွေပြန်သောက်နေတာလဲ ကျန်းမာရေးကမကောင်းဘဲနဲ့´´

''ဘာစုံစမ်းလို့ရခဲ့လဲ´´

''အဲ့ကောင်လေးကသိပ်လျင်တယ်
ကျွန်တော်တို့သူ့ကိုရှာမတွေ့တော့ဘူး´´

''ငါ့ကိုသိစေချင်တာပဲ
တကယ်ဆို သူတိတ်တိတ်လေးစုံစမ်းလို့ရလျက်နဲ့ တမင်ကိုယ်ယောင်ပြသွားတာ´´

''ကျွန်တော်တို့ဘယ်လိုဆက်စုံစမ်းကြမလဲ
သူက ဘယ်သူများဖြစ်နေမလဲ´´

''သူက ဘယ်သူမှမဟုတ်ဘူး
သူ့ကိုခိုင်းတဲ့သူကသာ...´´

''မဟုတ်မှ ဟိုကောင်မလေးမသေဘူးလား?´´

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Donde viven las historias. Descúbrelo ahora