Part 58

7.9K 243 7
                                    

Unicode ver

''ကလေး!! ကလေးရေ! မပြီးသေးဘူးလားကွာ´´

''ခဏလေး! ၃မိနစ်ပဲနော် မောင်´´

''ဟ! ဘယ်လို၃မိနစ်လဲ အခုတောင် ၁၀မိလောက်ရှိနေပြီကို...လာတော့ ချက်ချင်း´´

''......´´

''ကလေး...မောင့်ကလေးလေးကလိမ္မာပါတယ်ကွာ
အခုထွက်လာခဲ့တော့နော်၊မိုးချုပ်နေပြီလေ...အအေးပတ်ပြီးနေမကောင်းထပ်ဖြစ်ဦးမယ် အသည်းရဲ့´´

အသံထပ်မကြားရပါချေ။တကယ်ပဲ ဒီကလေးတစ်ယောက်နဲ့ အသက်တိုတော့မည်။စောစောလေးက ညစာအတူစားပြီး၊ကိုယ်ဝန်အတွက်OGပေးတဲ့ဆေးတွေသေချာလေးတိုက်ပြီးမှ ကောင်းကင်ကဧည့်ခန်းထဲမှာ ဇာတ်ညွှန်းတစ်ခု editရင်း အလုပ်လုပ်နေခဲ့တာဖြစ်သည်။ကလေးကိုလည်းမပျင်းအောင်စကားလေးပြောပေးရင်း၊နားမလည်တလည်နဲ့ဇာတ်ညွှန်းအကြောင်းတွေလိုက်မေးသမျှကိုပြန်ဖြေပေးရင်းဖြင့် အနားမှာအတူခေါ်ထားခဲ့ပေမယ့် အဲ့ဒီနောက်Productionပိုင်းက လူတွေနဲ့ ခဏလေးOnline meetingလုပ်နေချန်မှာ ကလေးမှလှစ်ခနဲပျောက်သွားလေ၏။

အလုပ်ထဲစိတ်နစ်သွား၍ သူ့မှာရုတ်တရက်မသိလိုက်ရခင် အခုတော့ကြည့်! မဗိုက်က အပီအပြင်skincareပြီး ရေလာချိုးနေလေသည်။အချိန်ကညကြီးမို့ သိသိချင်းလူမှာ သွေးတိုးသွားရပြီး ရေချိုးခန်းရှေ့မှ ချော့တစ်ခါ၊ခြောက်တစ်လှည့်ဖြင့် တစာစာလာအော်နေရခြင်းဖြစ်သည်။

''အသည်း!´´

''လာပါပြီ၊မောင်ကလည်း ဘာလို့အဲ့လောက်အော်...အဲ့...အမလေး!!´´

ပါးစပ်ကပြောရင်း ရေချိုးခန်းမှလှမ်းအထွက်၌ လူတစ်ကိုယ်လုံးပေါ်သို့ တဘတ်အကြီးကြီးကလွှားခနဲရောက်လာ၍ အရှေ့ကိုဘာမှတောင်မမြင်ရတော့။တဘတ်နဲ့လုံးထွေးကာ လူကလေပေါ်လွင့်မြောက်ပြီး နွေးနေသည့်အထိအတွေ့ထဲပိတ်မိသွားရလေ၏။

''အို! မောင်ရယ်..လန့်သွားတာပဲ´´

''မင်းဘယ်လိုဆိုးတဲ့ ကလေးလဲ
ခဏလေးမှအလစ်ပေးလို့ကိုမရဘူးကွာ´´

လေသံကမဆိုသလောက်လေးမာပါသည်။ညိုမှောင်နေသည့်မောင့်မျက်နှာပေးလေးဟာ အပြစ်လုပ်ထားသည့်သမီးဖြစ်သူအား ဒီထပ်ပိုဆူပူချင်ပြီး ခပ်ဆတ်ဆတ်လေးရိုက်ပစ်ချင်နေသည့် ဖခင်တစ်ယောက်လိုနှင့်တူ၏။သို့သော်လတ်တလောမှာတော့ သူ့ဆန္ဒကိုဘေးချိတ်လို့ လူကိုသာ ပိုးတုံးလုံးလိုတဘတ်ထဲလုံးထွေးထည့်ထုပ်ပြီးကုတင်ပေါ်တင်ထားကာ အဝတ်ဗီရိုဆီပြေးပြီး ညအိပ်အင်္ကျီရှာနေလေသည်။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now