Part - 33

9.5K 241 2
                                    

တရိပ်ရိပ်မောင်းဝင်လာသော ကားအဖြူလေးသည် Rit Emperorရဲ့ကျယ်ဝန်းခမ်းနားလှသောဆေးရုံဝန်းကြီးထဲ နေရာယူလို်က်ပြီးနောက် သည်းသက်ကားပေါ်မှခပ်ဖြေးဖြေးဆင်းခဲ့သည်က လေးလံသောခြေလှမ်းလေးများနှင့်...။

ရွှေကျေးငယ်ရှိနေတယ်ဆိုတဲ့ ဒီနေရာကိုလာခဲ့ခြင်းက လွန်လေပြီးသောအဖြစ်အပျက်တွေကို ရင်ထဲကအစိမ်းလတ်လတ်ပြန်ဆွဲထုတ်ရတာမို့ မသက်မသာဖြစ်မိသော်လည်းမတတ်နိုင်။သည်းသက်ဒီနေရာကိုလာဖို့ဆုံးဖြတ်ခဲ့ပြီး လူတစ်ယောက်ရဲ့နောက်ဆုံးသောဆန္ဒပါလို့ခေါင်းစဥ်တပ်ခဲ့တဲ့တောင်းဆိုချက်ကိုလိုက်လျောမည်။အထူးသဖြင့် ဒေါက်တာမြသက်လယ်ကိုနောက်တစ်ကြိမ်တွေ့ချင်သည်။မာမီက အခုချိန်မှာသည်းသက်သိချင်နေတာတွေကို ပြန်ရှင်းပြဖို့နေနေသာသာ စကားပင်ဖြောင့်အောင်ပြောတာမဟုတ်။ဒီတော့ အစရှာရဖို့အရေးက ဒီအမျိုးသမီးပဲရှိတာမဟုတ်လား။

''မင်္ဂလာပါ
ဘာများလိုအပ်ပါလဲရှင်´´

''ဒီဆေးရုံက နှလုံးအထူးကုပါရဂူDr.မြသက်လယ်နဲ့တွေ့ချင်ပါတယ်´´

''booking noယူထားပါသလားရှင်´´

''မယူထားပါဘူး´´

''ဟုတ် ဒါဆိုခဏလေးစောင့်ပါနော်´´

''သမီး!´´

Receptionကမိန်းကလေးဖုန်းဆက်အကြောင်းကြားမည်အပြုမှာတင် အနောက်ဘက်မှခေါ်သံတစ်ချက်ကြားရလေ၏။သည်းသက်လှည့်ကြည့်တော့ ကြက်သွေးရောင်မြန်မာဝတ်စုံဝမ်းဆက်လေးပေါ်မှ ဂျူတီကုတ်အဖြူကိုထပ်ဝတ်ထားသော ထိုအမျိုးသမီးဟာအနားသို့ရိပ်ခနဲရောက်လာပြီး...

''သမီးတကယ်ပဲရောက်လာတယ်နော်
အန်တီကျေးဇူးတင်လိုက်တာကွယ်´´

''ရပါတယ်အန်တီ ဒါပေမဲ့သမီးလာခဲ့တာက ရွှေကျေးငယ်ကိုတွေ့ဖို့ထက် အန်တီနဲ့စကားနည်းနည်းပြောချင်လို့ပါ´´

''အေးပါကွယ်
အရင်ဆုံးတော့ အန်တီနဲ့ခဏလိုက်ခဲ့နော်´´

လက်ဆွဲခေါ်တော့ သည်းသက်ခေါင်းတစ်ချက်ငြိမ့်ပြလိုက်၏။တစ်ခုကိုလိုချင်ရင် ကိုယ်ကလည်းတစ်ခုကိုလိုက်လျောရမည်ဆိုတာ သဘာဝကျပါသည်။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Donde viven las historias. Descúbrelo ahora