Part-14

11.6K 279 1
                                    

Unicode ver

''Ring! Ring!´´

တစ်ခေါက်ပြီးတစ်ခေါက် ဆက်တိုက်ဆိုသလိုအဝင်ပြနေသည့်ဖုန်းကောလ်တွေအား ကောင်းကင်သတိမပြုမိပေ။ဒီနေ့ကoutdoor sceneရိုက်ကူးရေးမို့ shootingမှာလူတွေလည်းများပြီး သူကိုယ်တိုင်ကလည်း အလုပ်မှာစျာန်ဝင်သွားတဲ့အခါ ဘေးကိစ္စတွေကိုမေ့သွားတတ်သည်ပင်။

သည်လိုနှင့်အချိန်ဟာညနေပိုင်းသို့ရောက်သွားခဲ့၏။ဒါတောင် အလုပ်ကအဆတ်မပြတ်သေး။တစ်ခါတစ်လေဆို မိုးလင်းပေါက်အထိတောင် မအားတဲ့အခါတွေရှိသည်မို့ ထူးထွေစွာတော့ပင်ပန်းမနေပါ။သူက အခုလိုCameraတွေ၊Lighting controlတွေကြားကစီမံခန့်ခွဲသူဘဝကို အနှစ်သက်ဆုံးမဟုတ်လား။

''ok! ရပြီ Lightingချိန်းမယ်
ဒါပြီးရင် 20mins out´´

အဖွဲ့ကိုခဏလေးအနားပေးလိုက်ပြီးမှ သောက်နေကျgreen teaဗူးလေးကိုကိုင်ကာ တစ်ဖက်သို့လမ်းလျှောက်လာခဲ့ရင်း ကားပေါ်မှာထားသည့်ဖုန်းကိုလှမ်းယူလိုက်သည်။အလုပ်လုပ်နေစဥ်ဖုန်းပြောရတာကို သူ,မကြိုက်ပေ။တစ်ခါတစ်လေများဆို စက်ပါပိတ်ထားပစ်သည်အထိ။

''ကျစ်!´´

ဖုန်းကိုဖွင့်ကြည့်သည်နှင့် မြောက်များစွာသောခေါ်ဆိုခြင်းတွေကဆီးကြိုနေသည်မို့ စိတ်တွေရှုပ်ထွေးသွားရ၏။အဲ့ဒီအိမ်ကဖုန်းတွေဆို သူတော်ရုံနဲ့ကိုင်လေ့မရှိပါဘဲ အမြဲတမ်းခေါ်နေတော့တာ။

ဖုန်းကိုကားထဲပြန်ပစ်ထည့်လိုက်ပြီး အလုပ်ဘက်သာ အာရုံစိုက်လိုက်တော့သည်။နောက်ထပ်နာရီအနည်းငယ်ကြာမှ ရိုက်ကူးရေးကိုအဆုံးသတ်ကာ အိမ်သို့ပြန်လာခဲ့၏။ဆောင်းကာလဟာ ဒီနှစ်မှာတော့ အသက်ဝင်တယ်ပြောရမည်။သူပြန်လာတဲ့လမ်းတစ်လျှောက် အနည်းငယ်အေးစိမ့်စိမ့်ရှိပြီး အိမ်ရောက်တော့လည်း အန်တီမြင့်ကအနွေးထည်နှင့်...။

''အစ်ကိုလေး
ပြန်လာတာနောက်ကျလိုက်တာ´´

''အင်း အလုပ်ကအခုမှပြီးလို့´´

''ဒါနဲ့မမလေးရောဟင်´´

''ကျွန်တော်ဘယ်သိမှာလဲ
သူ့အခန်းမှာသွားရှာလေ´´

''မဟုတ်ဘူး မမလေးကအိမ်မှာမရှိဘူးလေ´´

စကားဆုံးသည်နှင့် ညာဖက်လက်ကနာရီအား သူတစ်ချက်ငုံ့ကာကြည့်လိုက်သည်။ည၉နာရီထိုးခါနီး။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now