Part 51

6.3K 272 12
                                    

Unicode ver

ကာလများစွာလည်ပတ်ခဲ့တာ ယခုဆိုသူတို့နှစ်ဦး ၁၀တန်းနှစ်သို့ပင်ရောက်ရှိလာခဲ့လေ၏။ဖြတ်သန်းခဲ့သောနှစ်အပိုင်းအခြားတစ်လျှောက် နှစ်ယောက်ကြားကဆက်ဆံရေးလေးဟာလည်း များစွာလှပခဲ့သည်။ကောင်းကင်မျိုးဆက်သည်လည်းသူ့ကတိအတိုင်း ဩငယ်လေးရဲ့မျက်နှာတစ်ချက်မညိုးစေရအောင် အရိပ်တကြည့်ကြည့်ဂရုစိုက်ခဲ့တာမို့ သူမလေးကတော့ ကြာလေလေ ဆိုးတတ်ဂျစ်တတ်လာခဲ့လေသည်။

အိမ်မှာကတော့ ထုံးစံအတိုင်း မျက်နှာချင်းဆိုင်တွေ့တာမျိုးမဖြစ်အောင်ဆင်ခြင်ခဲ့ကြပြီး ကျောင်းတက်၊ကျောင်းဆင်းချိန်လေးတွေတိုင်းအတူတူတွေ့ဖြစ်ကြသည်။မုန့်စားဆင်းချိန်တိုင်းလည်း အတူရှိသည်။တစ်ခါတစ်ရံပိတ်ရက်လေးတွေမှာ အပြင်ခိုးထွက်ကြသေး၏။လူကြီးတွေမရိပ်မိရအောင် သူမကျူရှင်ဆီသူတိတ်တိတ်လေးလိုက်သွားပြီး ကျူရှင်ဆင်းတဲ့အခါ မုန့်သွားစားကြသည်။

သူကတော့ ကလေးလိုကျူရှင်အကောင်းစားတက်နိုင်သူမဟုတ်ပေ။ကလေးကတော့ ကျူရှင်ဝိုင်းကောင်းကောင်းလည်းတက်ရသလို အိမ်ခေါ်ဂိုက်တွေလည်းမနည်း။ကောင်းကင်မျိုးဆက်ကဖြင့် ကျောင်းကြီးတက်ရုံကလွဲရင် ဘာအပိုသင်ကြားမှုမှမရှိသူပါလေ...။

''သား စာကျက်နေတာလား''

''ဟုတ်''

''အဖေဒီနေ့ သူဌေးနဲ့မန္တလေးလိုက်ရမယ်သား
ဟိုမှာတစ်ညအိပ်ပြီး မနက်မှပြန်လာမှာ...သားစားဖို့ဟင်းရံလေးတွေလုပ်ပေးခဲ့တယ်နော်၊ထမင်းကတော့ကိုယ့်ဘာသာချက်ပြီးစားလိုက်''

''ဟုတ် အဖေ ကားမောင်းတာဂရုစိုက်နော်''

''အင်းပါ သားရဲ့
ကဲ အဖေသွားပြီ''

အသေအချာနှုတ်ဆက်ပြီး အဖေထွက်သွားလေ၏။ယခုဆိုအဖေက သူဌေးရဲ့ဒရိုင်ဘာသက်သက်မဟုတ်တော့ဘဲ ယုံကြည်ရသည့်လူယုံလက်ထောက်ဖြစ်လာခဲ့တာမို့ အရင်ထက်ပိုအလုပ်ရှုပ်ကာ အရင်ထက်လည်းလစာပိုရပါသည်။ထို့ကြောင့် သားအဖနှစ်ဦးရဲ့နေရေးထိုင်ရေးဟာ ပိုလို့ပြေလည်လာပြီး သူ့မှာလည်းတွယ်တာရာနှောင်ကြိုးလေးရှိနေ၍ ဘဝကအရင်ထက်နေပျော်လာခဲ့သည်။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Tempat cerita menjadi hidup. Temukan sekarang