Unicode ver
''သူဆုံးတာ ၁၀နှစ်တောင်ရှိပြီဟုတ်လား´´
မျက်နှာလေးမော့ရင်းထပ်မေးလာတော့ သူမျက်လုံးစုံမှိတ်ချကာ ထပ်၍ခေါင်းငြိမ့်ပြမိသည်။
''ဘာလို့လဲ ဘေဘီ´´
''ထူးဆန်းလိုက်တာ
အသည်း သူ့ကိုမသိဘဲနဲ့ သိသလိုလိုဖြစ်နေတယ်၊သူ့ပုံကိုကြည့်နေရင်း ရင်ဘတ်ထဲမှာအရမ်းအောင့်လာပြီး မျက်လုံးထဲမှာပုံရိပ်တွေမြင်နေရတယ်...အဲ့ဒီနံရံထဲကနေ သူရဲ့ငိုသံတွေထွက်လာသလိုမျိုးပဲ...သူအရမ်းကူကယ်ရာမဲ့နေခဲ့တယ်၊အရမ်းလည်းကြောက်လန့်နေခဲ့တယ်...အဲ့ဒါတွေကိုအသည်းကခံစားလို့ရနေတယ်´´''ကလေးအဲ့ဒါကြောင့်လဲကျတဲ့အထိဖြစ်သွားခဲ့တာလား...ကျန်...ကျန်တာရောဘာတွေဖြစ်သေးလဲ၊အခုနိုးလာတော့လေ...ဘာတွေထပ်ပြီးမြင်နေသေးလဲ´´
သူလှုပ်လှုပ်ရှားရှားနဲ့စိုးရိမ်တကြီးမေးနေမိခြင်းကို သူမကနားမလည်စွာမျက်လုံးဝိုင်းလေးတွေနဲ့ငေးနေသည်။
ဒုက္ခပါပဲ။သူ့ပုံစံဟာ အတော်လေးပဲမူပျက်နေချေပြီကော! သည်လိုသာဆို ဘာမှမသိရှာတဲ့ကလေးတောင်မှအနှေးနဲ့အမြန်ရိပ်မိသွားတော့မယ်။
စိတ်ထိန်းစမ်း ကောင်းကင်မျိုးဆက်!
ကလေးက ဒီအတိုင်း မင်းရဲ့သည်းသက်ပဲ။မေ့ပစ်လိုက်!
မင်းသိနေတာတွေ အကုန်မေ့ပစ်လိုက်!!ကိုယ့်ကိုကိုယ်အကြိမ်ကြိမ်သတိပေးရင်းမှာပဲ သူမကိုယ်လေးကို တင်းကျပ်စွာဖက်ထားမိသည်က ပျောက်ကွယ်သွားမှာစိုးသည့်အလား။သူမကတော့ သူ့ရင်ထဲကသောကတွေကိုမသိရှာစွာ မျက်လုံးလေးတွေမှေးမှိတ်ငြိမ်သက်သွားရင်းမှ...
''နိုးလာတော့ ခေါင်းနည်းနည်းကိုက်နေသေးတယ်´´
''အင်း ဟုတ်တာပေါ့ ကလေးကနေမှမကောင်းသေးတာ´´
''ဟုတ်ဘူး နေကောင်းပါတယ်
ဒါနဲ့လေ ဘာလို့အဲ့လိုဖြစ်တာလဲမသိဘူးနော်..မောင်´´''သူ့အကြောင်းကို တခြားတစ်ယောက်ယောက်ကပြောပြဖူးလို့လား´´
''အန်တီမြင့်တော့ တစ်ခါပြောဖူးတယ်
ဒါပေမဲ့သေသွားတဲ့အထိတော့မပါဘူး´´
ESTÁS LEYENDO
💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)
Romance''ခြားနားခြင်းတွေ ဘယ်လောက်များလည်း... နာကျင်ခြင်းတွေ ဘယ်လောက်များလည်း... အရာရာဟာ ပြောင်းလဲသွားခဲ့လည်း... နှလုံးသားတွေ မပြောင်းလဲခဲ့တဲ့အခါ ကိုယ်တို့ကျိန်းသေထပ်ချစ်နိုင်ကြတယ်....၊ မိုင်ပေါင်းများစွာ ဝေးကွာခဲ့ရလည်း ဒီနှောင်ကြိုးတွေဟာဖြင့် ဘယ်အခါမှ မပြယ...