Part 63(Final)🚨

25.1K 395 23
                                    

Unicode ver

ခွဲစိတ်ခန်းရှေ့၌ ဟိုဘက်သည်ဘက်ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသောခြေလှမ်းများဟာ ဆောက်တည်ရာမဲ့လို့နေသည်။အခုဆို အချိန်ကနာရီနဲ့ချီအောင်ကြာနေခဲ့ပြီမို့ စိုးရိမ်စိတ်က ရင်တစ်ခုလုံးကျွမ်းမြေ့ပူလောင်နေ၏။

အသည်းအဆင်ပြေနေရဲ့လား?
အရမ်းများနာကျင်နေရပြီလား?သူတို့ကလေးလေးကို ကျန်းကျန်းမာမာနဲ့ အန္တရာယ်ကင်းကင်းတွေ့ရပါ့မလား?စသည် စသည်သောအတွေးတို့နှင့် လူကအတော်ကြီးယောက်ယတ်ခတ်နေရသည်။ကလေးကသတ်မှတ်ရက်ထက်မွေးချိန်စောသွားတာကြောင့်လည်း သူစိတ်ပူသည်။စောမွေးတာမျိုးကတော့ တခြားမိခင်လောင်းတွေမှာလည်း ဖြစ်တတ်ပါသည်။အဲ့လိုစောမွေးတဲ့အခါ သန္ဓေသားဘယ်လိုဖြစ်တတ်ကြောင်းနဲ့အကျိုးဆက်တွေကိုလည်း ဆောင်းပါးတွေဖတ်၊you tubeတွေကြည့်ထားခဲ့ပေမယ့် အခုအချိန်မှာထူပူနေသည့်အာရုံကြောင့် ဘာမှစဥ်းစားမရတော့ပေ။နောက်ပြီး ဒီလိုအချိန်မှာရွတ်ပေးရတဲ့ ဟိုသုတ်...သူအထပ်ထပ်အခါခါကျက်မှတ်ထားလည်း အခုတော့တဆတ်ဆတ်တုန်ယင်နေတဲ့နှုတ်ဖျားကနေ ဖြောင့်ဖြူးစွာထွက်မလာတော့ပေ။

''အစ်ကိုလေး...စိတ်အေးအေးထားပါနော်
မမလေး အဆင်ပြေမှာပါ´´

''ဒါ...ဒါပေမဲ့ ကျွန်တော်ကြောက်တယ်
ကလေးအဆင်ပြေပါ့မလား...ဝင်သွားတာအရမ်းကြာနေပြီလေ´´

''ကျမတို့အကောင်းဆုံးတယုတယစောင့်ရှောက်ပေးခဲ့လို့ မမလေးကကျန်းမာရေးလည်းကောင်းပါတယ်...အရမ်းမစိုးရိမ်နဲ့နော်၊သားလေးရောက်လာတော့မှာပါ´´

ဘေးကဘယ်လိုပင်တဖွဖွနှစ်သိမ့်ပေးလည်း အစ်ကိုလေးကစိတ်ပူခြင်းတစ်စက်မှလျော့သွားပုံမရပါချေ။အချိန်ခဏထပ်ကြာပြီးနောက်တွင်တော့ ခွဲစိတ်ခန်းတံခါးက လျှောခနဲပွင့်သွားကာ အထဲမှတာဝန်ခံဒေါက်တာထွက်လာလေ၏။သို့လျှင်ပဲ ကောင်းကင်မျိုးဆက် အပြေးရောက်သွားကာ...

''ဒေါက်တာ ကျွန်တော့်ကလေးအခြေအနေ´´

''လူနာရဲ့ခင်ပွန်းလား´´

''ဟုတ်...ဟုတ်ပါတယ်´´

''Congratulationပါ အမျိုးသမီးကအောင်မြင်စွာနဲ့ဒီလောထဲကို သားလေးတစ်ယောက်ခေါ်လာပေးခဲ့နိုင်ပါပြီ´´

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now