Part~ 11

9.9K 240 1
                                    

Unicode ver

''အစ်ကိုလေး´´

''အင်း!´´

''နေ့လည်က ဥက္ကဌကြီးဖုန်းဆက်ပါသေးတယ်၊အစ်ကိုလေးကသူ့ဖုန်းကိုမကိုင်လို့တဲ့...ဒီညထပ်ဆက်လို့မှမရရင်မနက်ဖြန်အိမ်ကိုလာခဲ့မယ်ပြောပါတယ်´´

''ကျစ်!´´

အိမ်ပြန်ရောက်သည်နှင့် ကြားလိုက်ရသည့်စကားကြောင့် စိတ်ပျက်လက်ပျက်ဖြင့်သာစုတ်တစ်ချက်သပ်မိပါ၏။တကယ်ပဲ...အဲ့ဒီအဖေဆိုတဲ့လူက သူ့ဘဝကိုဘာတွေဝင်ရှုပ်ချင်နေရသနည်း။ပြောချင်တဲ့ကိစ္စဆိုတာလည်းတခြားမရှိ။စင်စစ် ဟိုမိန်းမနဲ့လက်ထပ်ဖို့အရေးသာဖြစ်လိမ့်မည်။

''Ring!´´

အတွေးမှမဆုံးခင် ထပ်၍ဝင်လာသည့်ခေါ်ဆိုခြင်း။ဒီတစ်ကြိမ်မှာတော့ သူဖုန်းကိုလက်ခံလိုက်ပြီး...

''အချိန်တစ်မိနစ်စာပဲနားထောင်ပေးမယ်´´

''.....´´

''ကျွန်တော်မအားဘူး´´

''.....´´

''အဲ့ဒီ့မိန်းမနဲ့မဖြစ်မနေပတ်သက်ဖို့လိုအပ်နေတယ်ဆိုရင်လည်း အဖေပဲလက်ထပ်လိုက်ပါလား...ရှော့ခ်မရှိဘူးနော် ကျွန်တော်ပေးတယ်...ယူလိုက်´´

''.....´´

''ရိုင်းအောင်လုပ်ရင်တော့ရိုင်းမှာပဲ
ကျွန်တော်စကားများများပြောရတာမကြိုက်ဘူး´´

ပြောချင်ရာပြောပြီးသာ ဖုန်းချပစ်လိုက်သည်။ဒေါသတွေထွက်နေသည့်သူ့ပုံစံကြောင့် ဒေါ်မာလာမြင့်သက်ပြင်းတစ်ချက်ချလိုက်မိ၏။

''ဥက္ကဌကြီးက အစ်ကိုလေးကိုလက်ထပ်စေချင်ပြီတဲ့´´

''ကျွန်တော်စိတ်မဝင်စားဘူး အန်တီမြင့်´´

''ဖုန်းနဲ့မှမရရင် လူကိုယ်တိုင်လာပြောမယ်ထင်တယ်´´

''သူလာလည်း ကျွန်တော်နဲ့တွေ့မှာမဟုတ်ဘူး´´

''ဟင်! အစ်ကိုလေးကခရီးသွားဦးမလို့လား´´

အမေးစကားအားခေါင်းငြိမ့်ပြရင်း ဘေးဘီကိုမျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်၏။စောကတည်းက အနားမှာတစ်စုံတစ်ခုသောပုံရိပ်ကို မမြင်မိမှန်း သူသတိထားမိသည်။အန်တီမြင့်ကိုမေးဖို့စဥ်းစားလိုက်သေးပေမယ့် ခေါင်းကိုသာတစ်ချက်ခါယမ်းလိုက်ပြီး အပေါ်ထပ်သို့ဆက်တက်လာခဲ့၏။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Où les histoires vivent. Découvrez maintenant