Part 23

11.7K 286 1
                                    

Unicode ver

အသည်းဆီကတုံ့ပြန်မှုဟာ ထင်ထားသလိုမဟုတ်ဘဲ ထင်ထားတာထက်ပိုပြင်းထန်နေ၏။မျက်လုံးစိမ်းစိမ်းတွေက သူ့ကိုနာနာကျည်းကျည်းကြည့်နေကာ ပြောထွက်လာသောစကားသံကလည်း နှလုံးသားကိုတစ်စစီဖဲ့ထုတ်လိုက်သည့်အလား။

''မင်း ဘယ်လိုပြောလိုက်တာလဲ''

သူမဆီကစကားသံထပ်မကြားရပါ။မျက်လုံးကလည်း မျက်ရည်တစ်စက်မှမကျ။နီရဲနေသည့်လက်ဖဝါးလေးတွေကသာ ကိုယ်ပေါ်ရှိနေတဲ့စောင်စကိုတင်းတင်းဖိဆုပ်ထားပြီး ရင်ထဲကခံစားမှုကိုဖုံးကွယ်ချင်သည့်သဘောနှင့် အံကျိတ်လျက် နှုတ်ခမ်းအတွင်းသားတွေကိုအတင်းဖိကိုက်ထားလေ၏။

ထို့ကြောင့်သူ့မှာစိုးရိမ်စိတ်တွေမြင့်တက်သွားရကာ သူမပါးပြင်လေးထံဖွဖွအုပ်ကိုင်၍...

''မဟုတ်ဘူး အသည်း! အသည်းအဲ့လိုမလုပ်နဲ့...ငိုလိုက်လို့ရတယ်...ငိုချင်ရင်ငိုလိုက်လို့ရတယ်''

''အင့်!
အင့်!''

ဘယ်လိုပဲပြောပြော တအင့်အင့်ကျိတ်ရှိုက်ရုံကလွဲရင် သူမကကျောက်ရုပ်လေးတစ်ရုပ်လိုငြိမ်သက်နေ၏။ဘေဘီလေးဆုံးရှုံးရခြင်းအတွက်သူတောင် အလူးအလဲခံစားခဲ့ရရင် လေးလလောက်ဗိုက်ထဲထည့်ထားခဲ့တဲ့သူမဆို ဘယ်လောက်တောင်ခံစားနေရလိမ့်မလဲဆိုတာ သူနားလည်ပါသည်။ရင်ထဲခံစားရတဲ့အတိုင်း ငိုချလိုက်မယ်ဆိုရင် သူအတတ်နိုင်ဆုံးနှစ်သိမ့်ပေးဖို့ပြင်ဆင်ထားခဲ့ပေမယ့် အခုဒီလိုလုပ်နေတဲ့ပုံစံလေးကြောင့် ရင်ဘတ်တစ်ခုလုံးပွင့်ထွက်တော့မတတ်ပင်။

''ထွက်သွား!''

ပုခုံးပေါ်ကလက်တွေကိုဖယ်ချပစ်ရင်း စကားသံကိုတစ်လုံးချင်းအားယူပြောနေရပေမယ့် တကယ်တမ်းတော့သည်းသက်မျက်လုံးတွေလည်းသဲကွဲစွာမမြင်ရ။အသံကိုလည်းသေချာမကြားရ။ဝမ်းပန်းတနည်းအော်ငိုပစ်လိုက်ချင်ပေမယ့်...၊ရင်ထဲမှာဝမ်းနည်းမှုတွေအပြည့်တက်နေပေမယ့် ငိုချပစ်လို့လည်းမရပေ။

အဲဒီ့အချိန်က အဖြစ်အပျက်ကိုပြန်တွေးမိတော့ အဲ့ဒီတုန်းကခံစားချက်အတိုင်း လူတစ်ကိုယ်လုံးအနှံ့အပြင်းအထန်နာကျင်လာ၏။ပြီးတော့ အသည်းထဲကလည်းနာသည်။ဘယ်လိုစကားလုံးမှပြောထွက်လို့မရနိုင်တော့အောင်အထိ ရင်တစ်ခုလုံးဆို့နင့်တင်းကျပ်နေသည်။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now