Part 57

8K 264 13
                                    

Unicode ver

Airportအတွင်းသို့ခပ်မြန်မြန်ပြေးဝင်လာသည့်ခြေလှမ်းကလေးများဟာ ကတိုက်ကရိုက်နှင့်ဖြစ်သည်။အေးစက်နေသည့်လေထုကြောင့် လက်ဖဝါးလေးနှစ်ဖက်ကိုအနည်းငယ်ဆုပ်ကျစ်ကာ သည်းသက်မျက်ဝန်းလေးများက နေရာအနှံ့ဖြန့်ကျက်၍ ချစ်ရသူရဲ့အရိပ်အယောင်ကိုရှာဖွေနေမိ၏။လက်မှနာရီလေးကိုငုံ့ကြည့်တော့ မောင့်ရဲ့flightဆင်းချိန်ရောက်နေလေပြီ။တကယ်ဆို ကြိုပြီးရောက်လာချင်ခဲ့ပေမယ့် လမ်းမှာကားတွေပိတ်နေ၍ အချိန်ကွက်တိကြီးရောက်လာရတာဖြစ်သည်။နောက်မကျတာကပင် တကယ်တော်ပါသေး၏။

''မောင်!´´

ရှာဖွေနေဆဲမှာပင် လူအများကြားမှထင်းလင်းစွာလျှောက်လှမ်းလာသည့်ပုံရိပ်လေးကြောင့် သည်းသက်နှုတ်ခမ်းလေးတွေပြုံးသွားရရင်း ခြေလှမ်းများကထိုပုံရိပ်လေးထံဦးတည်ရွေ့လျားသွားခဲ့သည်။အဖြူရောင်T-shirtခပ်ပွပွလေးပေါ်မှ အနက်ရောင်ဟူဒီလက်ရှည်လေးထပ်ဝတ်ထားပြီး အနက်ရောင်ဂျင်းpantနဲ့တွဲဖက်ဝတ်ဆင်ထားတဲ့မောင့်ပုံစံလေးကပေါ့ပေါ့ပါးပါးနဲ့ရှင်းသန့်ကြည်လင်နေ၏။မျက်နှာထက်အနက်ရောင်maskလေးတပ်ထားသေးတာကြောင့် ထိုmsakရဲ့အပေါ်မှ မျက်ဝန်းနက်နက်လေးများက ကြည်တောက်လင်းလက်ကာ 189cmမြင့်မားသောအရပ်ကြောင့် ဘေးလူတွေထက် ကွဲထွက်ထင်ပေါ်နေလေသည်။ဆံပင်တွေကိုလှန်သိမ်းထားပေမယ့် နဖူးရဲ့ဘယ်ညာမှာဝေ့ဝဲကျနေသည့် ဆံစမျှင်မျှင်လေးတွေကလည်း သည်းသက်ရဲ့အမြတ်နိုးဆုံးတွေထဲကတစ်ခုဟု ဝန်ခံရပါမည်။

မောင့်ဆီတငေးတမောကြည့်ရင်းမှပင် ခဏမျှမိန်းမောသွားကာ ခြေလှမ်းလေးတွေရုတ်တရက်ရပ်သွားခဲ့သည်ထင်၏။လူက နေရာမှမရွေ့နိုင်တော့ဘဲ မောင်ကသာ သည်းသက်ရှိရာဆီခပ်မြန်မြန်လျှောက်လာနေသည်။

''ဟိတ်!´´

''.....´´

''ကိုယ့်ယောကျ္ားကိုယ်အဲ့လောက်ပဲ ငေးရသလား´´

''ဟင့်! မောင်´´

မောင်က သည်းသက်အရှေ့တည့်တည့် ခြေလှမ်း၃လှမ်းအကွာလောက်၌ရပ်ကာ ရယ်ပြုံးသောမျက်နှာလေးဖြင့်မေးလာခြင်းဖြစ်သည်။ထိုစဥ်မှာသတိဝင်သွားခဲ့ပြီဖြစ်သောသည်းသက်က ခြေလှမ်းလေး၃လှမ်းအား ခပ်မြန်မြန်လျှောက်၍ မောင့်ရင်ခွင်ဆီ အင့်ခနဲပစ်ဝင်တိုးဖက်လိုက်၏။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Donde viven las historias. Descúbrelo ahora