''ထပ်ပြီးဒီစကားပဲလား
ကျွန်တော်ဒီလက်ထပ်ပွဲကိုလက်မခံနိုင်ဘူးလို့အကြိမ်ကြိမ်ပြောပြီးသားနော်´´တိတ်ဆိတ်နေသောဧည့်ခန်းဟာ သူ့အသံကြောင့်ပင်သက်ဝင်သွားခဲ့၏။ဖခင်ရှေ့မှ ဒေါသတကြီးလှည့်ထွက်ခဲ့သောခြေလှမ်းကျဲတွေသည် ပုံမှန်အရှိန်ထက်ကိုမြန်ဆန်နေခဲ့ပြီး စူးလက်သောမျက်ဝန်းအစုံမှာလည်း အလိုမကျခြင်းတွေအတိ။
''ကောင်းကင်မျိုးဆက်!!´´
ခေါ်သံကြောင့်ခြေလှမ်းတော့တစ်ချက်ရပ်လိုက်ပါ၏။
''ကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ပြီးထပ်ပြောဖို့မရှိဘူး´´
''ငါကတော့ရှိတယ်၊မင်းကလက်ထပ်သင့်တဲ့အရွယ်ရောက်နေပြီပဲ အခေါက်တိုင်းငါစီစဥ်ပေးသမျှကိုမင်းငြင်းတယ်၊ဘယ်အချိန်အထိဒီလိုလုပ်နေဦးမှာလဲ´´
''ကျွန်တော်ကအရွယ်ရောက်နေပြီလို့သတ်မှတ်ရင်ကျွန်တော့်ဘဝကိုလွှတ်ထားပေးပါ၊တစ်ခါလေးမှတောင်မျက်နှာချင်းဆိုင်မဆုံဖူးတဲ့မိန်းမတစ်ယောက်ကို မိဘပေးစားလို့ဆိုတဲ့ခေါင်းစဥ်နဲ့စမ်းတဝါးဝါးလက်ထပ်ယူရလောက်တဲ့အထိကျွန်တော်မညံ့သေးပါဘူး´´
''အဲ့ဒါကြောင့်တွေ့ဖို့စီစဥ်ပေးတော့လည်းမင်းမှမသွားဘဲ´´
''ကျွန်တော်ကဘာကိုမဆိုစိတ်ပါမှလုပ်တယ်၊ပြီးတော့ မလိုအပ်ရင် ကျွန်တော့်အိမ်ကိုခဏခဏမလာပါနဲ့´´
ခပ်ပြတ်ပြတ်ပဲပြောထွက်သောစကားသံအဆုံး၌ ခြေလှမ်းတွေလည်းရွေ့လျားသွားခဲ့သည်။တကယ်တော့ အဖေဖြစ်သူနဲ့ဒီလိုစကားအများကြီးပြောနေရတာကိုပင် သူ မနှစ်မြို့တာအမှန်ပါ။
လက်ထပ်ဖို့တဲ့လား?သူ့အနေနဲ့စိတ်ကူးတောင်မရှိ။အဝေးကြီးပါ။ချစ်ရတဲ့သူကိုဆုံးရှုံးခဲ့ရတာ ဘယ်ရက်ဘယ်လကမို့လို့လဲ။ပြီးတော့ဘယ်သူ့ကြောင့်လဲ။
သူမကိုဆုံးရှုံးခဲ့ရပြီးတဲ့နောက်ပိုင်းမှာ အချစ်ဆိုတဲ့အရာကိုထပ်ပြီးတော့လည်း နက်နက်နဲနဲမစတင်ချင်ခဲ့။ဒီအတိုင်းအချစ်က သူ့အတွက် အပျင်းပြေပီကေလေးတစ်ခုလို ပေါ့ပေါ့တန်တန်ဖြစ်ခဲ့တယ်။အနားမှာအလိုလိုပွင့်တဲ့ပန်းတွေဟာ သူ့အတွက်ထူးထူးခြားခြားမရှိလှပေမယ့် ခူးဆွတ်စရာမလိုအောင်ကို သူ့ခြေရင်းမှာအလိုလိုကြွေတယ်။သို့သော် လိုတာထက်ပိုတဲ့အခွင့်အရေးမျိုး ဘယ်ပန်းတစ်ပွင့်အပေါ်မှာမှ သူမယူခဲ့ဖူးတာလည်းသေချာပါတယ်။ဒါပေမဲ့...
VOCÊ ESTÁ LENDO
💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)
Romance''ခြားနားခြင်းတွေ ဘယ်လောက်များလည်း... နာကျင်ခြင်းတွေ ဘယ်လောက်များလည်း... အရာရာဟာ ပြောင်းလဲသွားခဲ့လည်း... နှလုံးသားတွေ မပြောင်းလဲခဲ့တဲ့အခါ ကိုယ်တို့ကျိန်းသေထပ်ချစ်နိုင်ကြတယ်....၊ မိုင်ပေါင်းများစွာ ဝေးကွာခဲ့ရလည်း ဒီနှောင်ကြိုးတွေဟာဖြင့် ဘယ်အခါမှ မပြယ...