Part-13

11.2K 264 2
                                    

Unicode ver

ရေမိုးချိုးကာအပေါ်ထပ်မှဆင်းလာရင်းသူမကိုရှာဖွေတော့ ဘယ်နေရာမှာမှအရိပ်အယောင်မမြင်မိပေ။မျက်လုံးကရှာဖွေနေရင်း စိတ်ထဲမှာလည်းတအုံ့နွေးနွေးနဲ့ လှုပ်ရှားနေမိ၏။

သူမကိုတွေ့ရင် ဘာကနေစပြောရမလဲ သူ မသိခဲ့။အချစ်ဇာတ်လမ်းတွေများစွာ ရိုက်ကူးတည်းဖြတ်ခဲ့ဖူးလည်း လက်တွေ့ဘဝမှာတော့အချစ်ရေးက အခုထိအားနည်းပါသေးတယ်။

သူ ရိုမန့်တစ်မဆန်တတ်ဘူး။
စကားလှလှနဲ့ချော့မြူထွေးသိပ်တတ်တဲ့ နူးညံ့ခြင်းမျိုးတွေလည်း သူ မတတ်ကျွမ်းဘူး။

တောင်းပန်ရမှာလား?
ဘာအရင်လုပ်ရမှာပါလိမ့်!

သူမနဲ့ဘယ်လိုဆက်သွားရမယ်ဆိုတာကိုတော့ သူ,မတွေးရသေး။ချစ်သူတွေမဟုတ်ပါဘဲ ဒီလိုဖြစ်သွားခြင်းအတွက် သူမကရော ဘာများပြောချင်နေမလဲမသိပေမယ့် သူကတော့ သူမ,ဖြစ်စေချင်တဲ့သဘောထားကို မေးမယ်လို့ဆုံးဖြတ်ထားလိုက်တယ်။သို့နှင့်...

''အန်တီမြင့်´´

''ရှင် အစ်ကိုလေး´´

''အသက်ရော´´

ကွေ့ဝိုက်မနေဘဲ သည်တစ်ခါတော့တည့်မေးလိုက်၏။

''သူ အခန်းထဲမှာထင်တယ်
ဒီတစ်မနက်လုံးမမြင်မိသေးဘူး´´

''ဟာ!အဲ့ဒါနည်းနည်းပါးပါးသွားမကြည့်ဘူးလား´´

''ပုံမှန်ဆိုသူကအစောကြီးထတတ်ပါတယ်။ခုတစ်မနက်လောက်ကတော့ အိပ်မောကျနေတာလည်းဖြစ်ချင်ဖြစ်နိုင်လို့ အန်တီမြင့်ခဏလေးအခွင့်အရေးပေးထားတာပါ´´

''ဒါဆိုလည်း အခန်းမှာသွားကြည့်လိုက်ဦး´´

''ဟုတ်ကဲ့´´

ခါတိုင်းဆိုအသက်ကိုစိတ်ဝင်စားလေ့မရှိပါဘဲ အခုမှအသဲအသန်ရှာနေသည့်အစ်ကိုလေးကြောင့့် ဒေါ်မာလာမြင့်နားလည်ရခက်သွား၏။အသက်ရဲ့အခန်းတံခါးကိုသွားခေါက်ကြည့်တော့ပွင့်မလာပေ။သို့နှင့်လော့ခ်ခလုတ်ကိုလှည့်ဖွင့်မှ ချပ်ခနဲပွင့်သွားလေ၏။

အခန်းထဲမှာ သူမလေးကရှိမနေပေ။ရေချိုးခန်း၊အိမ်သာ ဘယ်နေရာကြည့်ကြည့်အရိပ်အယောင်မမြင်ရတာမို့ စိတ်ထဲတစ်ချက်ထင့်ကာ ဗီရိုတံခါးကိုဆွဲဖွင့်ကြည့်တော့...

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Место, где живут истории. Откройте их для себя