Part-9

10K 240 1
                                    

Unicode ver

နေ့စဥ်နဲ့အမျှ ကားဖြင့်တဝီဝီဖြတ်မောင်းကြည့်နေသောဤနေရာကို ယခုတော့ ကတ္တီပါခြေညှပ်လေးတစ်ရံဖြင့်ရောက်ရှိခဲ့ရ၏။ပြီးတော့လက်ထဲမှာက အဝတ်အစားလေးငါးစုံသာထည့်ထားသော အိတ်လေးတစ်အိတ်ပါသည်။ဒါက အသက်ဆီကယူလာခဲ့တာတွေလေ...။အခိုင်းအစေလုပ်ရမှာဆိုတော့ နေရာနဲ့လိုက်ဖက်အောင်ဝတ်စားဖို့က လိုသည်။ဒီနိုင်ငံကအိမ်အကူတွေဘယ်လိုဝတ်ကြသလဲ သည်းသက်မသိ။အိမ်ကအိုင်းရစ်တို့်မှာတော့ ဆင်တူဝတ်စုံတွေရှိသည်။သို့ပေမဲ့ ဒီမှာကတော့အဲ့လိုဟုတ်ပုံမရတာကြောင့် ခပ်နွမ်းနွမ်းပုံစံပေါက်မည့်အဝတ်တွေကို အသက်ဆီကတောင်းခဲ့လိုက်တာပင်။

''Ting!´´

ခြံဝကနေလူခေါ်ဘဲလ်သံအချက်ပေးလိုက်သည်နှင့် Control systemပြုလုပ်ထားသောသံတံခါးအမြင့်ကြီးက ချပ်ခနဲပွင့်ဟသွားခဲ့သည်။သို့နှင့် သည်းသက်ခြံထဲဘက်ဆီဟိုသည်ကြည့်ကာ လျှောက်လာသည့်အခိုက် အိမ်အဝင်ဝမှာ အမျိုးသမီးကြီးတစ်ဦးကရပ်စောင့်နေ၏။

လူကိုတွေ့သည်နှင့် အကဲခတ်မျက်လုံးများက တစ်ကိုယ်လုံးကိုစုန်ဆန်ကြည့်သည်။သိပါတယ်။ဒီလိုစစ်ဆေးမယ်မှန်းသိလို့လည်း ဘာမှမဖြစ်တဲ့ခြေထောက်ပေါ်မှာပတ်တီးတစ်ခုစည်းလာခဲ့တယ်။

ဟိုရက်ကအိမ်ကိုလာတဲ့လမ်းမှာ မတော်တဆဖြစ်လို့ နှစ်ရက်လောက်နေပြီးမှပြန်လာပါရစေ၊လူသစ်မခေါ်လိုက်ပါနဲ့လို့ အတန်တန်တောင်းပန်ထားခဲ့တာမို့ အခုအဆင်ချောစွာလူစားလဲဝင်ရောက်နိုင်ခဲ့တာ။ရုတ်တရက်ကြီး လုပ်လို့ကလည်းမရဘူးလေ။ပြင်ဆင်စရာတွေကရှိသေးတယ်။သူများအိမ်မှာနေရမှာဆိုတော့ သည်းသက်ပျောက်နေရင်မာမီတို့သိသွားပြီး ပြသာနာတက်ကုန်မှာ။တော်သေးလို့မာမီတို့ကလည်း ဟိုဘက်နိုင်ငံကိုပြန်နေတဲ့အချိန်နဲ့တိုက်ဆိုင်နေပြီး အိုင်းရစ်ကတော့ကိုယ့်လူမို့ မာမီတို့ဆီပြန်မပြောဖို့ချော့မော့နှုတ်ပိတ်ထားလိုက်၍ဒီတစ်ပိုင်းကလည်းအဆင်ပြေသွားခဲ့ပြန်၏။

အခုတော့ ဒီအိမ်မှာအဆင်ပြေဖို့ပဲလိုပါတော့သည်။

''ဒဏ်ရာကသက်သာပြီလား မိန်းကလေး´´

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Opowieści tętniące życiem. Odkryj je teraz