Part 55

6.4K 199 9
                                    

Unicode ver

''အင်း!! ဟင်း!''

''သမီး...သမီးလေး သတိရပြီလား
မာမီလေ...ဒီမှာမာမီရှိတယ်နော်''

နာရီများစွာမှေးစက်နေခဲ့သောမျက်ဝန်းလေးများ ယခုမှအနည်းငယ်ရွေ့လျားလာခြင်းမို့ ဒေါ်မိုးပွင့်လွှာ လှုပ်လှုပ်ရှားရှားဖြင့် သမီးအနားရောက်သွားခဲ့ရသည်။သမီးကတော့ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ဘေးဘီကိုဝေ့ဝဲကြည့်ကာ ချက်ချင်းဆိုသလိုလှဲနေရာမှထထိုင်၍...

''မောင်ရောဟင်...မောင်အဆင်ပြေရဲ့လား
အခု...အခုမောင်ဘယ်မှာလဲ?သူ့အိမ်လေးမှာလား?''

နိုးလျှင်နိုးချင်း ကိုယ့်အခြေအနေကိုပင်ဂရုမစိုက်ဘဲ ဟိုကောင့်ကိုအသည်းအသန်မေးနေတာကြောင့် ဒေါ်မိုးပွင့်လွှာရင်ထဲဒေါသတွေဆူဝေသွားရင်း မျက်နှာသည်လည်းအစွမ်းကုန်ပြန်၍ခက်ထန်သွားရ၏။

''လွမ်းဥဩငယ်!နင်တော်ရုံပဲကောင်းတယ်နော်
ဘာကိစ္စနဲ့အဲ့ကောင်ကို ဒီလောက်အထိရူးရူးမူးမူးဖြစ်နေတာလဲ''

''......''

''မှန်မှန်ပြောစမ်း! သူနဲ့နင်ဘယ်အထိဖြစ်ဖူးလဲ
မဟုတ်မှ နင်တို့...နင်တို့...''

''မာမီ!!
မာမီ့အတွေးတွေသိပ်တရားလွန်နေပြီ၊မောင်က အဲ့လိုလူမျိုးမဟုတ်ဘူး''

''သိနိုင်မလား
နင့်ပိုင်ဆိုင်မှုတွေဒီလောက်များတာ...နင့်ကိုသူ့လက်ထဲဆုပ်ထားနိုင်ဖို့ဆိုရင် အဲ့လိုနည်းနဲ့လည်းဖြားယောင်းချင်ဖြားယောင်းထားမှာပေါ့၊နင်က ဘာအတွေ့အကြုံမှရှိတဲ့သူမဟုတ်ဘူးလေ''

''အဟင့်! မောင့်ကိုအဲ့လိုမပြောနဲ့...မပြောနဲ့လို့''

''သမီးလေး''

''ဟင့်! ဒယ်ဒီ''

နားနှစ်ဖက်ကိုလက်ဖြင့်ပိတ်ကာ အော်ငိုနေစဥ် ဒယ်ဒီကအနားသို့အပြေးရောက်လာပြီး တင်းတင်းကျပ်ကျပ်ဖက်ထားပေးလေ၏။

''မိုးပွင့်...မင်းကတော့မဟုတ်တော့ဘူးကွာ
နေမကောင်းတဲ့ကလေးကိုသေသေချာချာဂရုစိုက်ရမဲ့အစား သတိရတာနဲ့ဝမ်းနည်းအောင်ဆူပူပြောဆိုနေရသလား...မင်းဘယ်လိုအမေမျိုးလဲကွ''

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now