Part~12

11.7K 267 2
                                    

Unicode ver

ကားကပုံမှန်အလျင်ထက်နှေးကွေးပြီး ဟိုဘက်သည်ဘက်ယမ်းခါနေသော်လည်း ညနက်နက်အချိန်ဟာ အသွားအလာရှင်းလင်းနေပြီမို့ အန္တရာယ်မရှိ။သူနေထိုင်ရာအိမ်ကိုတော့တည့်မတ်စွာမောင်းလာနိုင်ခဲ့တာမို့ ထွဋ်မြတ်သူ့ကားအနောက်ကနေကပ်လိုက်လာပေးရင်းမှ ကျော်၍မောင်းထွက်ခဲ့လိုက်၏။

အိမ်အရှေ့မှာကားရပ်ပြီးတာ အတော်ကြာသည့်တိုင် သူဒီအတိုင်းကြီးပဲရပ်နေမိပြန်သည်။

တစ်ဖက်တွင်လည်း အိပ်၍မပျော်ဘဲရှိနေသည့် သည်းသက်။အိပ်ရာထဲဟိုသည်လူးလိမ့်ကာ အတွေးပေါင်းစုံနဲ့ယောက်ယတ်ခတ်နေမိသည်။အခုဆို သည်းသက်မောင်နဲ့မတွေ့တော့တာကြာပြီ။မောင်ကအိမ်လည်းပြန်မလာဘူးလေ...။

သေချာတာကတော့ သည်းသက်နဲ့မောင့်ကြားမှာ အခြေအနေဆက်ရန်မရှိပါဘူး။အခုလည်းမောင့်အကြောင်းသိတန်သလောက်သိထားရပြီပဲ။မောင့်မှာချစ်သူရှိတယ်။မောင်ဟာ သည်းသက်နဲ့လက်ထပ်ဖို့ကို လုံးဝမှဆန္ဒမရှိခဲ့။သည်းသက်ဘက်ကဘယ်လိုပင်ချစ်ရလည်း ရှေ့ရေးကတော့ မဖြစ်နိုင်ပါဘူးကွယ်။

ဒါကြောင့် သည်းသက်ထွက်သွားတော့မယ်။မာမီတို့ပြန်လာရင်လည်း ဒီလက်ထပ်ပွဲကို ငြင်းပေးမယ်လို့ဆုံးဖြတ်ထားတယ်။မောင်မလိုချင်တဲ့ လက်ထပ်ပွဲ...ဖြစ်မလာစေရပါဘူး မောင်ရယ်...။

''ဟင့်!´´

အသံတိတ်မျက်ရည်များဟာ ဘယ်နှကြိမ်ပြိုခဲ့ပြီလဲပင်မသိ။နေ့စဥ်နဲ့အမျှ မျက်ရည်တွေနဲ့သာအဖော်ပြုရပြီး မောင့်ကိုလည်းလွမ်းလွန်းလှသည်။ယခုလည်း တွေးရင်းငိုရင်းမှပင် လူကမောလျလာကာ နှုတ်ခမ်းတွေကွဲအက်၍ လည်ချောင်းတစ်လျှောက်အထိ သွေ့ခြောက်နေ၏။

ရေအနည်းငယ်သောက်ဖို့ပြင်လိုက်ပေမယ့် ကော်ရေခရားလေးထဲမှာရေကရှိမနေပေ။သို့နှင့် လှဲနေရာမှထကာ အဝါနုရောင်ချည်သားဂါဝန်လေးအား အနည်းငယ်သပ်ရပ်အောင်ပြင်ဆင်၍ အခန်းအပြင်ဘက်သို့ထွက်လာခဲ့လိုက်သည်။နေ့အချိန်တွေမှာ အမြဲတမ်းခပ်မြင််မြင့်ထုံးဖွဲ့ထားတတ်သော ရွှေအိုရောင်ဆံနွယ်လေးတွေဟာ ယခုတော့ခါးနွဲ့နွဲ့လေးထက် ကပိုကရိုလွင့်ခါနေ၏။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Tempat cerita menjadi hidup. Temukan sekarang