Unicode ver
''ဟီး! အဟင့်! အဟင့်!''
အချိန်တိုင်းနီးပါး ဇာတ်ညွှန်းတွေနဲ့အလုပ်ရှုပ်နေသူအနား ဆောင့်ဆောင့်အောင့်အောင့်ခြေလှမ်းလေးဖြင့်ရောက်လာသည်က ညီမငယ်လေး အိန်ဂျယ်လ်ပါပင်။မျက်လုံးလေးတွေကိုလက်ဖြင့်ပွတ်သပ်ရင်း ပါးလေးနှစ်ဖက်ရဲတွတ်အောင် ငိုယိုပြီးရောက်လာခဲ့သည်က ဘာကိုအလိုမကျပြန်တာပါလိမ့်။
''ဟင့်!ကိုကိုကြီး''
''အိန်ဂျယ်လ်မျိုးဆက်
ပြောစရာရှိရင်ကောင်းကောင်းပြောရမယ်လေ...ငိုမပြောနဲ့''''အဟင့်! မမ...မမရေ''
''မမလာပြီ ကလေးရေ့...''
သူ့လေသံကပါအနည်းငယ်မာသွား၍လားမသိ။အိန်ဂျယ်လ်ကချက်ချင်းဆိုသလိုအနားမှထသွားကာ လှေကားရင်းမှာရပ်ပြီး သူ့ယောင်းမကိုအားကိုးတကြီးအော်ခေါ်လေတော့၏။ဟိုကလည်း အသံကြားသည်နှင့် လှေကားထစ်တွေမှကတိုက်ကရိုက်ပြေးဆင်းလာတာမို့ သူ့မှာပျာပျာပြူးပြူးဖြင့်လှေကားနှစ်ဆင့်လောက်ဆီအပြေးကြိုရောက်သွားရပြီး သူမခန္ဓာကိုယ်လေးအား ထိန်းကိုင်၍...
''ဖြေးဖြေးလာပါကွာ
ချော်လဲတော့မှာပဲ''''မလဲပါဘူး မောင်ရဲ့''
ပြုံးစစလေးဖြင့်ပြန်ဖြေသော်ငြား အာရုံကကိုယ့်ဆီမှာမရှိ။သူ့ယောင်းမပိစိကိုသာ ချစ်စနိုးဖြင့်ငုံ့ကြည့်နေရင်းမှ...
''ပြောပါဦး!ကလေးလေးဘာဖြစ်လို့လဲ
ဘာလို့ငိုလာတာလဲ''''ဟင့်! ဒယ်ဒီက...ဒယ်ဒီက ဂျယ်ဂျယ်လ့်ကိုမချစ်ဘူး...နောက်ပြီးကိုကိုကြီးကလည်းမချစ်ဘူး အီး!ဟီး!''
''အို! မဟုတ်တာကွယ်
မမရဲ့မင်းသမီးလေးကဒီလောက်ချစ်ဖို့ကောင်းတာလေးကို သူတို့ကဘာလို့မချစ်ရမှာလဲ''''မချစ်ပါဘူးဆို ဂျယ်ဂျယ်လ်တကယ်ပြောတာ''
''အိန်ဂျယ်လ်မျိုးဆက်!
ဘာတွေလာရစ်နေတာလဲ''''မောင်! ကလေးကိုအဲ့လိုမပြောရဘူးလေ''
ကလေးတွေနဲ့အသားမကျ၍ပဲလားမသိ။မောင်က အိန်ဂျယ်လ့်လိုငချွဲလေးနဲ့သိပ်ကီးမကိုက်။ဂျီကျရင်လည်း စိတ်တွေမရှည်တော့ပေ။အခုလည်း လေသံကအနည်းငယ်မာနေတာကြောင့် သည်းသက်ပဲတစ်ချက်ဝင်ဟန့်ကာ အိန်ဂျယ်လ့်အနားလေးသို့ထိုင်ချသည်အထိ မောင်ဟာသည်းသက်လက်ကိုမလွှတ်ဘဲရှိနေဆဲပင်...။
ESTÁS LEYENDO
💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)
Romance''ခြားနားခြင်းတွေ ဘယ်လောက်များလည်း... နာကျင်ခြင်းတွေ ဘယ်လောက်များလည်း... အရာရာဟာ ပြောင်းလဲသွားခဲ့လည်း... နှလုံးသားတွေ မပြောင်းလဲခဲ့တဲ့အခါ ကိုယ်တို့ကျိန်းသေထပ်ချစ်နိုင်ကြတယ်....၊ မိုင်ပေါင်းများစွာ ဝေးကွာခဲ့ရလည်း ဒီနှောင်ကြိုးတွေဟာဖြင့် ဘယ်အခါမှ မပြယ...