Part-22

11.8K 292 3
                                    

Unicode ver

''ဟေ့ကောင်!!
ကောင်းကင်...မင်းအဲ့ဒါဘယ်လဲ''

လက်ထဲဆုပ်ကိုင်ထားသည့်အရာကိုငုံ့ကြည့်ရင်းမှ ခြေလှမ်းကျဲတွေဟာဦးတည်ရာတစ်ခုရသွားသည့်နှယ် ဒေါသတကြီးလှမ်းထွက်သွားလေ၏။ထွဋ်မြတ်နေ တအံ့တဩဖြင့် ဟန့်တားဖို့ပြင်ပေမယ့် ခွဲစိတ်ခန်းကထွက်မလာသေးသည့် သည်းသက်ကိုလည်းသတိရကာ...

''အန်တီမြင့် သည်းသက်ကိုသေချာလေးကြည့်ထားပေးပါ၊operationပြီးရင် ကျွန်တော့်ဆီဖုန်းဆက်...တစ်ခုခုအရေးကြီးတာနဲ့ချက်ချင်းဆက်နော်''

''.....''

''နေဦး! သူ့ကိုပေးလိုက်တာကဘာလဲ''

''ရွှေကျေးငယ်ရဲ့ဆွဲကြိုးပါ''

အခုမှထွဋ်မြတ်လည်းအခြေအနေကိုသဘောပေါက်လိုက်သည်။ပြီးတော့ ကောင်းကင်မျိုးဆက်ရဲ့ဦးတည်ရာကိုလည်းသိသွားပြီမို့ လူကအတော်လေးရင်ထိတ်သွားရ၏။

''ကျွန်တော်လိုက်သွားလိုက်မယ်
သူအခုပုံမှန်အသိစိတ်မဟုတ်ဘူး၊ဒီပုံစံအတိုင်းနဲ့ဆို အကုန်ပြသာနာတက်ကုန်လိမ့်မယ်...သည်းသက်ကိုဂရုစိုက်နော်''

တစ်ဖက်ကိုလည်းအသေအချာမှာရင်းမှ ရှေ့ကသွားနှင့်သောခြေလှမ်းတွေဆီအပြေးလိုက်သွားခဲ့ရ၏။သို့ပေမဲ့ သူကားပါကင်ကိုရောက်ချိန်မှာ အရှိန်ပြင်းစွာမောင်းထွက်သွားတဲ့ ကားကိုသာရိပ်ခနဲမြင်လိုက်တော့သည်။

''ကျစ်!ဒီကောင်တော့ပြသာနာပဲ''

~~~~~🔥🔥🔥🔥~~~~~

''မဟုတ်ဘူး!!
ငါလုပ်တာမဟုတ်ဘူး!!
သူ့ဘာသာဖြစ်တာ...သူ့ဘာသာဖြစ်တာ''

မှောင်ရိပ်ကျနေသောအခန်းငယ်ထဲ ဒီစကားသံတုိ့အပ်ကြောင်းထပ်ပျ့ံလွင့်နေသည်မှာအတော်ကိုကြာခဲ့ပြီ။ခန်းဆီးလိုက်ကာတွေအလုံစေ့ပိတ်ထားပြီး မှန်တံခါးချပ်တွေလည်း တစ်ခုမှဖွင့်ဟထားခြင်းမရှိသော ကွန်ဒိုတိုက်ခန်းဟာ မွန်းကျပ်ဖွယ်အတိ။အခန်းရဲ့ထောင့်တစ်နေရာ...လိုက်ကာစတွေရဲ့ကြား၌ ဒူးနှစ်ဖက်ကိုပိုက်လျက် ကျုံ့ကွေးထိုင်နေပြီး တူညီတဲ့စကားသံကိုသာထပ်တလဲလဲရေရွတ်နေတဲ့ သူမရဲ့အသွင်ကခြောက်ခြားစွာနှင့်...။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Donde viven las historias. Descúbrelo ahora