Part 41

10.2K 243 3
                                    

Unicode ver

ဗိုက်ကလေးပေါ်လက်ဖဝါးဖြင့်ဖွဖွပွတ်သပ်ရင်း ကြည်နူးခြင်းများကရင်မှာတပွေ့တပိုက်နှင့်...။

ပါးပြင်မှာလည်းမျက်ရည်တွေရွှဲနေသလို နှုတ်ခမ်းဖျားလေးများကပါ တဆတ်ဆတ်တုန်ယင်လို့နေသည်။ထို့နောက် စိတ်ကိုအနည်းငယ်တည်ငြိမ်အောင်ထိန်းကာ ဖုန်းကိုခပ်မြန်မြန်ကောက်ယူ၍ မောင့်နံပါတ်လေးအားခေါ်လိုက်သည်။

''ဟင့်! ဟင့်!´´

တစ်ဖက်သို့ဆက်သွယ်နေသောခေါ်ဆိုခြင်းမှာတင် လူကကိုယ်လေးသိမ့်သိမ့်တုန်အောင်ငိုနေမိဆဲ။ဘဝမှာ ပျော်လွန်းလို့ငိုမိရသည်ဆိုတာလည်း အပိုတွေမဟုတ်ချေဘူးပဲ။အခု သည်းသက်ရင်ထဲအူလှိုက်သည်းလှိုက်နဲ့ တအားကိုငိုချင်နေတယ်။

''Hello ကလေးလေး´´

''အင့်!´´

ဖုန်းကိုထုတ်ကိုင်လိုက်ပေမယ့် တစ်ဖက်ကစကားသံလေးမကြားရဘဲ အင့်ခနဲရှိုက်ငိုသံလေးသာကြားလိုက်ရတာမို့ ကောင်းကင်ရင်ထိတ်သွားရ၏။

''အသည်း...ငိုနေတာလား
ဘာဖြစ်လို့လဲ?ကလေးဘာဖြစ်လို့လဲ!!´´

''မောင် အသည်းဆီလာခဲ့ပါလား´´

ဒီထက်ပို ဘာမှဆက်ဖြေသံမကြားရသေး။ငိုနေသည်ဟူသောအသိမှာတင် လူကစိုးရိမ်တကြီးထရပ်ကာ ခြေလှမ်းကလည်းအလိုလိုနောက်လှည့်မိလျက်သား...။

သူ့ပုံစံကိုနားမလည်လိုက်သောအဖွဲြ့သားတွေဟာလည်း ချက်ချင်းလှုပ်လှုပ်ရှားရှားဖြင့်...

''ကိုဆက် ဘာဖြစ်တာလဲ´´

''ဘာလဲ မိန်းမကလွမ်းလို့တဲ့လား ဟီး!ဟီး!´´

''ကျစ်!! နေစမ်းပါကွာ
ငါဒီမှာမကြားရတော့ဘူး´´

''.....´´

''ကလေး နားထောင်
မောင်အခုပြန်လာပြီ...ပြန်လာပြီနော်´´

နှုတ်ကအထပ်ထပ်ရေရွတ်ရင်း ခြေလှမ်းကလည်းတည်းခိုဆောင်ရှိရာဆီ အပြေးသွားနေမိ၏။

''အသည်း!!´´

စိုးရိမ်စိတ်တွေနဲ့အတူအခန်းတံခါးခပ်မြန်မြန်ဆွဲဖွင့်ဝင်လိုက်တော့ သူမကကုတင်ခြေရင်းကသစ်သားမှန်တင်ခုံလေးမှာထိုင်လျက်ရှိနေသည်မို့ သူထိုအနားသို့အမြန်လျှောက်သွားကာ...

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now