Part-28

14.2K 295 2
                                    

Unicode ver

''အဟက်! မင်းကဘာအခွင့်အရေးရှိလို့ ဒီစကားပြောရတာလဲ´´

''အသည်းရဲ့သဘောထားတစ်ခုကလွဲရင်ဘာအခွင့်အရေးမှကျုပ်ဂရုမစိုက်ဘူး´´

''ကောင်းကင်မျိုးဆက်!!´´

စူးနေအောင်ထပ်၍အော်လိုက်သော ထိုအမျိုးသမီးကြီးရဲ့လေသံဟာ အဘယ်အမျှဒေါသထွက်နေကြောင်းသိသာလွန်းလှ၏။သို့သော်သူကလည်း အသည်းကိုပြန်မပေးရဖို့အရေး ဘာမဆိုရင်ဆိုင်လိုက်ဖို့အသင့်ပြင်ထားပြီးဖြစ်သည်။သို့နှင့် မီးတောက်မတတ်စူးရဲနေသောမျက်ဝန်းအစုံဟာ ဒေါ်ရိုစီထံအဆတ်မပြတ်ဦးတည်ထားလေတော့ သူမကလည်း နံဘေးမှာရပ်နေသူတွေထံ မျက်ရိပ်တစ်ချက်ပြ၍...

''သမီး ကိုခေါ်´´

အမိန့်ရသည်နှင့်ထိုလူတွေကရှေ့ဆက်တိုးလာကာ သူ့အနောက်မှကလေးကို အတင်းဆွဲခေါ်ဖို့ပြင်လေ၏။ထိုအခါ သူအလျင်အမြန်ပင် သူမလက်ကလေးကိုဆွဲ၍ ရင်ခွင်ထဲထည့်ဖက်ထားလိုက်ပြီး...

''ခင်ဗျားဒီလိုတွေလုပ်လည်းအကျိုးမထူးဘူး၊ကျုပ်က အသည်းကို ပြန်မပေးမှာမို့´´

''ငါ့သမီးကမင်းလိုလူနဲ့တန်တယ်များထင်နေလား?မင်းတို့တရားဝင်ကွာရှင်းပြီးပြီဆိုတာ အားလုံးသိနေတဲ့အမှန်တရားပဲ...အခုချိန်မှာကလေးကငါတို့နဲ့ပဲဆိုင်တယ်´´

''ဟုတ်လား
ဒါဖြင့် ကလေးကိုရွေးခိုင်းကြည့်မလား´´

''.....´´

''ကလေး အခုပြောလိုက်
မင်းဘာဖြစ်ချင်လဲ...မင်းရဲ့အဖြေအတိုင်းပဲ မောင်နာခံပေးမယ်၊မင်း ဘယ်သူ့ဆီမှာနေချင်လဲ´´

တစ်ဖက်ကိုပြောရင်းဖြင့် သူ့ရင်ခွင်ထဲငြိမ်သက်နေသည့်အသည်းကိုငုံ့ကြည့်ကာမေးခွန်းထုတ်လိုက်ပေမယ့် ရင်ထဲမှာလည်း ကမ္ဘာပျက်သလိုဝုန်းဒိုင်းကျဲနေ၏။မိခင်အရင်းနဲ့တောင်ပုခုံးချင်းယှဥ် စိန်ခေါ်ရဲတဲ့အထိ သူ့လုပ်ရပ်ဟာမိုက်ရူးရဲဆန်နေတာမို့ တကယ်လို့များ အသည်းကသာ သူ့မာမီကိုရွေးလို်က်တာနဲ့ ရင်ကွဲရမှာ ဒီလူပဲဖြစ်သည်။သို့သော်နှစ်ဦးကြားက အချစ်ကိုလည်း သူရူးရူးမိုက်မိုက်ယုံကြည်ထားလိုက်ပြီး ဤချစ်ခြင်းရဲ့အဆုံးအဖြတ်ကို သူမလက်ပေါ်တင်ပေးလိုက်တာပင်။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Donde viven las historias. Descúbrelo ahora