Part~4

13.1K 327 5
                                    

Unicode ver

ပစ်ပစ်ခါခါပြောထွက်လာသောမောင့်စကားသံမှာ လူကလိပ်ပြာလွင့်သွားပြီထင်မိ၏။ဒေါသနဲ့အော်ဟစ်လိုက်ခြင်းမျိုးလည်းမဟုတ်ဘဲ လိုတာထက်ပိုအေးစက်ခြောက်ကပ်နေတဲ့အသံလှိုင်းထဲ အံ့အားသင့်ခြင်းတစ်ချို့ပါဝင်သလို မုန်းတီးခြင်းတို့လည်းအတိအကျပျော်ဝင်နေသည်။

''မောင်!´´

သည်းသက် စိတ်လွတ်နေသူတစ်ယောက်လို ဒီနာမ်စားကိုပဲအထပ်ထပ်ခေါ်မိရင်း ခြေလှမ်းတွေအယောင်ယောင်အမှားမှားနဲ့ပဲ သူ့ထံပါးဆီပြေးသွားလိုက်မိ၏။ပြီးတော့ တစ်စုံတစ်ရာကိုရှင်းပြဖို့ကြိုးစားရင်း သွေးကြောတွေချောင်းချောင်းထအောင်ဖိဆုပ်ထားသည့်လက်တစ်ဖက်အား လှမ်း၍ဆုပ်ကိုင်မိစဥ်...

''ငါ့ကိုမထိနဲ့!!´´

''အ!´´

''မမလေး!!´´

အနားရောက်သည်နှင့် သူကလက်ကိုဆတ်ခနဲလွှဲကာရုန်းလိုက်တာမို့ အရှိန်မထိန်းနိုင်သည့်သည်းသက်ကိုယ်လေးအနောက်ဘက်သို့ယိမ်းယိုင်လဲကျသွားရသည်။

''တောင်းပန်ပါတယ်
ဒီလိုတွေဖြစ်လာဖို့သည်းသက်မရည်ရွယ်ခဲ့ပါဘူး မောင်ရယ်...ဟင့်!ဟင့်!´´

''မင်းနာမည်...!´´

စိတ်ခံစားမှုတွေအဆုံးစွန်လှုပ်ရှားနေတာကြောင့် စကားလုံးတွေတောင်ပျောက်ဆုံးပါသည်။သို့သော် ဒေါသတွေကိုဇွတ်တရွတ်မျိုချပြီး အတတ်နိုင်ဆုံးစိတ်ငြိမ်အောင်ထိန်း၍ ကြမ်းပေါ်၌လဲကျနေသည့်သူမကို ထပ်ပြန်ငုံ့ကြည့်ကာ...

''မင်းနာမည် သူ့သည်းသက်လား?´´

အငိုမျက်လုံးတွေနဲ့မော့ကြည့်ကာ သူမခေါင်းငြိမ့်ပြပါ၏။ထိုစဥ်မှာပဲ သူ့ရင်ဘတ်တွေဒိန်းခနဲဆောင့်ခုန်သည်။

နီညိုရောင်...။
ဟုတ်တာပေါ့၊သူရှာဖွေနေခဲ့တဲ့ မျက်ဝန်းတွေကနီညိုရောင်လေ...။အခုသူ့ရှေ့မှာရှိနေပြီ။မမှားဘူး...၊သူအတိအကျကိုမှတ်မိနေပါ၏။

အရာရာဟာသေချာသွားခဲ့ပြီ။မျက်စိရှေ့က ဒီမိန်းမ...၊ဘယ်လိုလှည့်စားမှုတွေနဲ့သူ့ဘဝဆီလာရောက်ပတ်သက်ခဲ့သနည်း။အမှန်တော့ လွန်ခဲ့တဲ့ကာလတစ်ခုမှာရှိခဲ့ဖူးတဲ့အဖြစ်အပျက်အတွက် သူအမြဲလိုအပြစ်တင်စိတ်တွေဖြစ်နေခဲ့ရသည်။အဲဒီ့မိန်းကလေးကိုလည်း ပြန်လည်ရှာဖွေနေခဲ့တာကြာပြီ။လုံလောက်တဲ့ပြေအေးမှုကိုမညှိနှိုင်း၊စကားတစ်ခွန်းတောင်မပြောဘဲ အဲ့ဒီညရဲ့နောက်မနက်မှာသူမပျောက်သွားခဲ့တာမဟုတ်လား။ကောင်းကင်မျိုးဆက်က ပုံမှန်အားဖြင့်ဒီလိုတာဝန်မဲ့လုပ်ရပ်မျိုးလုပ်တတ်သူမဟုတ်ပါ။သူစိမ်းမိန်းမ,မဆိုထားနဲ့၊ကိုယ့်ချစ်သူအဖြစ်ဘေးနားထားတဲ့သူကိုတောင် အခွင့်အရေးယူလိုစိတ်မရှိတာအသေအချာ။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now