Part-34

8.4K 232 4
                                    

Unicode ver

၁၀နှစ်။
အချိန်၁၀စုနှစ်တစ်ခုကျော်အောင်ကြာခဲ့ပြီးမှ ဒီမေးခွန်းကိုလာမေးနေခြင်းကထူးဆန်းသလို မိုက်မဲတဲ့လုပ်ရပ်တစ်ခုဆိုလည်းဟုတ်တယ်။

အကယ်၍ဒါကအမှန်ဖြစ်နေခဲ့ရင်တောင် သူ့လိုလူကထုတ်ပြောအတည်ပြုပေးမယ်လို့ သားကမျှော်လင့်နေတာလား?ကိုယ့်သေတွင်းကိုယ်တူးမိမယ့်လုပ်ရပ်မျိုး ဦးနေမျိုးဆက်စိတ်မဝင်စားသလို လွမ်းဥဩငယ်သေသည်ဖြစ်ဖြစ်၊ရှင်သည်ဖြစ်ဖြစ် ဒီကိစ္စနဲ့ပတ်သက်ပြီးနောက်ထပ်ဆွေးနွေးရန်လည်း မရှိတာအသေအချာ။

''ကျွန်တော်မေးတာဖြေ...အခုဖြေ''

အလွန်ကိုစိတ်လှုပ်ရှားပြီးမျက်နှာတပြင်လုံးနီရဲနေတဲ့သားကိုကြည့်ကာ ဦးနေမျိုးဆက်ခဏမျှနှုတ်ဆိတ်ငြိမ်နေမိ၏။နံဘေးမှာရှိနေသည့်အောင်ခေတ်ကလည်းစိုးရိမ်သလိုကြည့်ကာ အခြေအနေကိုထိန်းသိမ်းဖို့ကြိုးစားနေလျက်...။

''ဘာလို့မဖြေနိုင်တာလဲ
ခင်ဗျားဘာမဟုတ်တာတွေလုပ်ခဲ့ပြန်ပြီလဲ''

''ကောင်လေး မင်းစကားတွေလွန်မယ်
ဘာပဲဖြစ်ဖြစ် ဒါမင်းအဖေပါကွ''

ဦးအောင်ခေတ်ကတစ်ချက်ဝင်ထိန်းသလိုပြောလေတော့ ကောင်းကင်ရဲ့ခပ်စူးစူးမျက်ဝန်းများဟာ ထိုလူကြီးထံဦးတည်သွားရပြန်သည်။စိတ်လှုပ်ရှားမှုက အစွမ်းကုန်မြင့်တက်နေတာမို့ သူယခုအချိန်မှာဘာမှလည်းမမြင်နိုင်။ရင်ထဲအပြင်းအထန်ထိုးနှက်နေသောခံစားချက်များက နှလုံးသားတစ်ခုလုံးလောင်မီးကျသလိုပူလောင်နေရတာ ဒီလူတွေသိရဲ့လား။ဒါဟာ သူ့ဘဝတစ်ခုလုံးကို အကြီးအကျယ်ကိုင်လှုပ်တော့မယ့်အဆုံးအဖြတ်တစ်ခုလေ...။

''ကောင်းကင်မျိုးဆက်!
သား! ဘာလို့အရမ်းဒေါသဖြစ်နေတာလဲ...ဒယ်ဒီက မင်းမေးခွန်းကိုမဖြေနိုင်တာမဟုတ်ဘူး
မင်းကသာ လွန်ခဲ့တဲ့၁၀နှစ်ကတည်းကအဖြေရှိပြီးသားမေးခွန်းကိုလာမေးနေတာ...အဲ့မိန်းကလေးသေလားရှင်လား မင်းကောင်းကောင်းသိနေတာပဲ...သူ့အလောင်းကိုမင်းရှေ့မှာတင်စျာပနချခဲ့တာလေ''

ဟုတ်တော့ဟုတ်တယ်။
ဒါပေမဲ့မဟုတ်ဘူး။

အဲဒီ့်အလောင်းကဩငယ်လို့်ယူဆရရုံပဲ။အဲ့ညကစံအိမ်မှာ သူဌေးမိသားစုအပါအဝင် လူပေါင်း၃၀လောက်မီးလောင်ပြီးသေခဲ့တာ။အလောင်းအားလုံးဟာလည်း ရုပ်ခွဲဖို့ခက်တဲ့အထိပျက်စီးနေခဲ့တာ။တကယ်လို့ ဩငယ်နေရာကအလောင်းဟာ ဩငယ်မဟုတ်ခဲ့ရင်ရော?

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Donde viven las historias. Descúbrelo ahora