Part-17

12.2K 293 0
                                    

Unicode ver

နှစ်ယောက်ကြားမှာ ရာသီဥတုကြည်ကြည်လင်လင်ရှိသွားတော့ scheduleရှင်းသည်ဆိုသောမောင့်အားလပ်ရက်ကို သည်းသက်အလွတ်မပေးတော့ပေ။shoppingလိုက်ပို့ပေးဖို့ပြောကာ မနက်ကတည်းကအိမ်မှထွက်လာခဲ့ခြင်းပင်။

''မောင်...ဟိုဘက်သွားမယ်
ဟိုဘက်´´

''ခုနပဲ အဲ့ဘက်ကလာခဲ့တာလေကွာ´´

''ဘာဖြစ်လဲ
ပြန်သွားလို့ရတာပဲကို´´

''ဒီမှာ မင်းကဘာဝယ်ချင်တာလဲ
ဒီလိုခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး ဘာတွေရှာနေတာလဲ´´

Shopping Centreထဲမှာတစ်နာရီနီးပါးမနားတမ်းပတ်နေတာမို့ ကောင်းကင်စိတ်မရှည်စွာမေးလိုက်တော့ သူမဖျတ်ခနဲမော့ကြည့်ပြုံးပြပြီးမျက်နှာချိုသွေးလေသည်။

''ဘာလဲ
ဘာတွေရယ်ပြနေတာလဲ´´

''ဟိုဟာ သည်းသက်ကဘာမှမဝယ်ချင်ပါဘူး´´

''ဒါဖြင့် ဒီကိုဘာလာလုပ်တာလဲ´´

''မောင်နဲ့အတူတူတွဲလျှောက်ချင်လို့
ဒီလိုလူအများကြီးထဲမှာ´´

ဘေးပတ်ဝန်းကျင်ကို မေးလေးတစ်ချက်ဆတ်ပြကာပြောတော့ သူ့မှာတအံ့တဩ။ဒီလိုနေရာမျိုးက အမြဲတမ်းလူအသွားအလာရှုပ်ထွေးနေတတ်တာ ထုံးစံပဲလေ။သူလျှောက်နေတာက ဘာမှမဖြစ်ပေမယ့် သူမကသာလူရှုပ်ရှုပ်ကြားထဲခေါင်းမူးမှာစိုး၍ ဟန့်တားချင်သော်လည်း သည်အထူးအဆန်းလေးက ဘာမှမဝယ်ဘဲ လမ်းလျှောက်ချင်ပါသတဲ့လေ!

''မင်းအရင်ကရည်းစားတွေနဲ့ရော ဒီလိုပဲလား´´

ရုတ်တရက်ကြားလိုက်ရတဲ့မေးခွန်းကြောင့်သူမခြေလှမ်းလေးတန့်သွားကာ လူကိုမော့ကြည့်ပြန်၏။

''မဟုတ်ပါဘူး´´

''ဟုတ်မှာပါ´´

''မောင်နော်!´´

''ဘာလဲ ငါ့ကိုအရူးများမှတ်နေလား´´

သူမဘာမှဆက်မပြောဘဲ ခေါင်းလေးငုံ့ချသွားလေ၏။ထို့နောက်မှ နှစ်ကိုယ်ကြားရုံလေသံဖျော့ကလေးနဲ့ဆိုလာသည်က...

''မောင်က အချစ်ဦး´´

''ဘယ်လို!´´

''သည်းသက်ရဲ့ပထမဆုံးချစ်သူလို့ပြောနေတာ´´

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now