Part-38

8.9K 222 1
                                    

Unicode ver

''ကလေး!!´´

ကျယ်လောင်စွာအော်ခေါ်ရင်း လှေကားထစ်တွေပေါ်မှပြေးဆင်းလာသည့် ခြေလှမ်းတွေဟာ တလိမ့်ခေါက်ကွေးလဲကျတော့မတတ်ပင်။သို့သော် သူ့အသံကြောင့် ဒေါ်မြသက်လယ်ရဲ့စကားစတော့ရပ်တန့်သွားခဲ့လေ၏။

ဟူး!!တကယ်တော်သေးလို့ပေါ့။လှေကားကနေဆင်းလာကတည်းက အသည်းရဲ့အသံပိစိလေးကို ကောင်းကင်ကြားနေခဲ့တာပါ။ဟိုဟိုဒီဒီတီတာပြောနေတာလေးကို သူပြုံးပြီးနားထောင်နေခဲ့စဥ် မထင်မှတ်ဘဲ ထိုအကြောင်းကိုအသည်းကထုတ်မေးလာခဲ့တာ။ဟိုကလည်းပြောတော့မလို တစ်စွန်းတစ်စထွက်လာတယ်ဆိုတော့...

နေပါဦး! ဒေါ်မြသက်လယ်ကအဲ့ကိစ္စထဲမှာပတ်သက်ခဲ့ဖူးတာလား။

''မောင်! ဘာဖြစ်လို့ပြေးပြီးဆင်းလာတာလဲ
ချော်လဲတော့မလို့ကို´´

ထိုင်နေရာမှချက်ချင်းထကာအနားရောက်လာတဲ့ ကလေး...။

ကောင်းကင်ပျက်ယွင်းနေတဲ့မျက်နှာကို အနည်းငယ်ထိိန်းလိုက်ရင်း လက်ဖဝါးလေးတစ်ဖက်အားဆုပ်ကိုင်၍ ဧည့်ခန်းဘက်ပြန်လျှောက်လာခဲ့၏။ထို့နောက် ဆိုဖာမှာနှစ်ယောက်အတူဝင်ထိုင်လိုက်စဥ် တစ်ဖက်လူကညင်သာစွာပြုံးပြလာပြီး...

''အိမ်ထဲမှာတောင် စိတ်မချဘူးပေါ့လေ
သမီးက တကယ့်ကိုအချစ်ခံလေးပဲ´´

''အဟင်း! မောင်ကအဲ့လိုပဲရယ်
ဪ ဒါနဲ့ အန်တီခုနပြောနေတာကလေ...´´

''သမီးမေးတဲ့ကလေးမျိုးအန်တီတစ်ယောက်တွေ့ဖူးတယ်၊အဲ့ဒါကြာတော့ကြာပြီ...အန်တီမိုးကုတ်မှာတာဝန်ကျတုန်းက...´´

''အဟမ်း!
အဟွတ်!!´´

''ဟင်! မောင် ဘာဖြစ်လို့လဲ
နေမကောင်းဘူးလား´´

''အင်း! ဟုတ်တယ် ကလေးရဲ့
မောင်အအေးမိပြီနဲ့တူတယ်´´

''ခဏလေး! အာ့ဆိုရေနွေးလေးသောက်မလား
အသည်းသွားယူပေးမယ်နော်´´

''အင်း´´

ခေါင်းငြိမ့်ပြသည်နှင့် အသည်းကလှစ်ခနဲထကာထမင်းစားခန်းဘက်ပြေးသွားလေသည်။

ထပ်၍ဝင်ဖျက်ပြန်သည့်အမူအရာဟာ ပိုသိသာသွား၍ပဲထင့်...၊ဒေါ်မြသက်လယ်အနည်းငယ်တော့ရိပ်မိသွားပုံရ၏။ထို့ကြောင့်သူ့ထံသို့ အကဲခတ်သလိုတစ်ချက်ကြည့်လာစဥ်မှာ သူကလည်းမျက်လုံးချင်းဆုံအောင်ကြည့်၍ ခေါင်းယမ်းပြလိုက်တော့ ထိုမျက်ဝန်းအစုံသည် တအံ့တဩနှင့်...။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now