Part-21

10.9K 280 0
                                    

Unicode ver

ပိုင်စိုးပိုင်နင်းပုံစံဖြင့် အိမ်ထဲရောက်လာခဲ့ပြီဖြစ်သော ရွှေကျေးငယ်အား သည်းသက်မျက်နှာသေလေးဖြင့်သာကြည့်နေမိသည်။

တွေ့ဆုံဆက်စပ်မှုရှိနေစရာမလိုတော့သော ထိုမိန်းကလေးက ဘာကြောင့်ဒီနေရာကိုရောက်လာပြန်တယ်မသိ။သူနဲ့မောင်အဆက်မပြတ်ဘူးဆိုစေဦးတော့ အဲဒါ သူတို့ရဲ့အပြင်ကိုယ်ရေးကိုယ်တာပါလေ...။ဒါကို သည်းသက်ဘယ်သောအခါမှလည်း ဝင်မစွက်ဖက်ခဲ့သလို သည်းသက်ဆီထိပ်တိုက်ပြသာနာလာရှာတဲ့လုပ်ရပ်မျိုးလည်း တကယ်ဆို ရွှေကျေးငယ်မလုပ်သင့်တော့ဘူးထင်၏။

''အဟင်း!နင်နေကောင်းရဲ့လားသိချင်လို့ပါ၊သူများလူကိုအမိဖမ်းပြီး အမည်ခံတရားဝင်ဇနီးဘဝမှာ သာယာနေတဲ့...၊အရှက်မရှိတဲ့မျက်နှာကို ထပ်လာကြည့်တာလေ´´

''ဒီမှာရွှေကျေးငယ်...ပြသာနာရှာတာတွေတော်လိုက်ပါတော့၊ဒီကိစ္စအတွက် မင်းကို သည်းသက်ခခယယတောင်းပန်ခဲ့ပြီးပြီပဲ´´

''အဲ့တော့ငါက ခွင့်လွှတ်တယ်လို့ပြောခဲ့လား´´

သွေးအေးတည်ငြိမ်လွန်းနေသည့်စကားသံက တိတ်ဆိတ်တဲ့လေထုထဲ ကျောချမ်းဖွယ်ပျ့ံလွင့်နေခဲ့၏။တစ်စုံတစ်ရာအပေါ်ငြိုးမျက်မာန်ကြီးနေသော မျက်ဝန်းတွေဟာလန့်ဖို့တောင်ကောင်းသည်။

''ဒေါက်!
ဒေါက်!´´

မျက်လုံးစိမ်းစိမ်းတွေက သည်းသက်ဆီစူးစူးနစ်နစ်ဦးတည်ကာ ဒေါက်ဖိနပ်ချွန်ချွန်ဖြင့် လှေကားထစ်ပေါ် နင်းတက်လာသည့် ခြေသံက...တစ်လှမ်းချင်း...၊တစ်ချက်ချင်း...။

''ရွှေ...ရွှေကျေးငယ်!!´´

သူ့ပုံစံကိုကြည့်ကာ သည်းသက်အနည်းငယ်လန့်စိတ်လေးဝင်လာရသည်။အရင်ဆုံးစိုးရိမ်သည်က ဗိုက်ထဲကဘေဘီလေး...။စိတ်တွေမူမမှန်ဖြစ်နေပုံရသော ထိုမိန်းမကဘယ်အချိန်၊ဘာလုပ်လိုက်မည်မသိနိုင်သောကြောင့် သည်းသက်လက်တွေက ခါးနဲ့ဗိုက်လေးကိုအုပ်ကိုင်လိုက်ကာ အောက်ဘက်သို့ပြန်ဆင်းမည်အပြု သူကအရှေ့မှပိတ်ရပ်ထားလေ၏။

သည်းသက်နဲ့ထိုမိန်းမဟာ မျက်နှာချင်းဆိုင်အနေအထားနဲ့ လှေကားတစ်ဆစ်ချိုးအကွေ့နေရာမှာရှိနေခြင်းဖြစ်သည်။အောက်ကိုပြန်ဆင်းရမယ့်လှေကားထစ်က ၁၂ဆင့်မို့ ဒီအနေအထားက အန္တရာယ်ရှိသည်။ပြီးတော့ အိမ်မှာဘယ်သူမှရှိမနေသောအသိဟာလည်း ရင်ထဲအနည်းငယ်ထိတ်လန့်စေသည်မို့ ဒီအခြေအနေကိုရှောင်နိုင်မှတော်ကာကျပေမည်။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Donde viven las historias. Descúbrelo ahora