Part 50

6.5K 193 2
                                    

Unicode ver

ထိုနေ့နောက်ပိုင်းစ၍ ဩငယ်ဟာတကယ်ပဲ သူ့ဆီရောက်မလာခဲ့တော့ပေ။အိမ်မှာကတော့ နဂိုကတည်းက သိပ်စကားမပြောဖြစ်သည်မို့ မသိသာပေမယ့် ကျောင်းမှာကျကွက်လပ်ကြီးတစ်ခုလိုလစ်ဟာနေသည်။အရင်က မုန့်စားဆင်းချိန်တွေတိုင်းကလေးရောက်လာတတ်သည်။မလာဖို့ဘယ်လိုပင်တားခဲ့လည်း ကလေးကနားမထောင်ခဲ့သည့်နောက်ပိုင်းမှာ သူဟာ နေ့လည်အချိန်တွေဆို သူမလေးအလာကိုမသိမသာမျှော်နေတတ်ခဲ့တာပင်။

အခုတော့ ကိုယ့်စကားနဲ့ကိုယ်သေမိန့်ကျနေပြီ။တစ်ပတ်ကျော်လုံး သူမနဲ့စကားမပြောရသလို မျက်နှာချင်းဆိုင်တွေ့လျှင်တောင် ခေါင်းငုံ့ရှောင်ဖယ်သွားတတ်တဲ့ကလေးဟာ သူ့အပေါ်စိတ်ဆိုးနေခြင်းလား။စိတ်မကောင်းဖြစ်နေခြင်းလားဆိုတာ ကြာလေလေ သူမဝေခွဲနိုင်တော့သလို အသားမကျသည့်အပစ်ပယ်ခံရခြင်းမှာလည်း မနေနိုင်သလိုဖြစ်လာခဲ့ရလေသည်။တစ်လောကလုံးကလူတွေပစ်ပယ်တာကို ခေါက်ရိုးကျိုးနေပေမယ့်...၊ခံနိုင်ရည်ရှိပြီးသားပေမယ့် ယခုမှထူးဆန်းသလိုလိုနှင့် ခံစားရလည်းခက်သည်။အသံစာစာလေးကို သူလွမ်းသည်။ရယ်သံချိုချိုလေးကိုသတိရသည်။

မှားသွားပြီ။တကယ်တော့ သူဟာ ဒီကလေးအပေါ်အစကတည်းက ငြိတွယ်နေမိမှန်း တုန်လှုပ်စွာသိလိုက်ရချိန်မှာ ရင်တစ်ခုလုံးသည် ဗလာနတ္ထိ။

ဒါက မဖြစ်နိုင်ဘူး ကောင်းကင်မျိုးဆက်။
မင်း ဒီလိုလောဘတက်နေလို့မရဘူး။

''တောက်!´´

စာအုပ်ကိုလက်ဖြင့်တင်းတင်းဆုပ်ထားရင်းမှ ပြင်းစွာသောတက်ခေါက်သံတစ်ချက်ထွက်ပေါ်သွားခဲ့ရသည်။ထိုစဥ်မှာပင် ခြံထဲသို့ဝင်လာသောကားတစ်စီးရဲ့အလင်းစူးစူးဟာ သူ့နံဘေးမှလက်ခနဲဖြတ်ကျော်သွားခဲ့၏။ဒါအိမ်ကကားတွေမဟုတ်ပေ။ဘယ်သူလဲ?ညနက်ခါနီးနေပြီ။အိမ်ကိုဘယ်သူလာတာပါလိမ့်။

သူ အိမ်ရှေ့ကွပ်ပျစ်လေး၌ထိုင်ကာလှမ်းကြည့်နေတုန်းမှာပင် ကားပေါ်မှတစ်စုံတစ်ယောက် ရေးကြီးသုတ်ပျာဆင်းလာသည်။ပြီးတော့ အိမ်ဘက်မှာလည်းအစေခံတွေအနည်းငယ်ခြေရှုပ်နေသည်မို့ သူအနည်းငယ်မျက်မှောင်ကျုံ့နေမိစဥ် နောက်ကားတစ်စီးကအရှိန်ဖြင့်မောင်းဝင်လာပြန်၏။ဒါကတော့ အဖေမောင်းလာသည့်ကားဖြစ်သည်။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Tempat cerita menjadi hidup. Temukan sekarang