Unicode ver
''မီးတွေ...စံအိမ်ထဲမှာမီးတွေလောင်နေတယ်
ကယ်ကြပါဦး''''အဟင့်!...ဒယ်ဒီ!...မာမီ!''
ပူပြင်းစွာလောင်မြိုက်နေသောမီးတောက်ကြားပျံ့လွင့်နေသည့် ငိုရှိုက်သံလေးကခပ်သဲ့သဲ့။သို့သော် သူမအပြင်ရောက်လာတော့ တွေ့လိုက်ရသည်များဟာ လှုပ်ရှားမှုမရှိတော့သော ရုပ်အလောင်းတွေသာဖြစ်လေသည်။
''အား!! မာမီ...ဒယ်ဒီ သမီးကိုကြည့်ပါဦး ဟင့် ဟင့်''
''ဘယ်လိုလုပ်အသက်ရှင်တဲ့သူထပ်ရှိနေတာလဲ
အသံမထွက်စေနဲ့ ပိတ်ထားအဲ့ပါးစပ်ကို''''သူဌေးရှာခိုင်းတဲ့ပစ္စည်း မတွေ့ဘူး''
''တောက်!!''
''ချာတိတ်လေး...မင်းအဖေရဲ့ပတ္တမြားဘယ်မှာထားလဲ သိသလား''
''ဟင့်အင်း မသိဘူး ငယ်မသိဘူး''
''ဖြောင်း!!''
ထိုလူမှပြင်းထန်စွာရိုက်ချလိုက်တာမို့ လွမ်းဥဩငယ်ကိုယ်လေးကြမ်းပြင်ထက်ပုံလျက်သားလဲကျသွားရသည်။
''မီးကများနေပြီ
ရတာပဲယူပြီး အကုန်ထွက်မယ် လူစုကြ''''ခေါင်းဆောင် သူ့ကိုရော''
''ထားလိုက်တော့ ပေါက်စနလေးပဲ
သူ့ဘာသာရုန်းကန်ပါစေ..ခြေနဲ့လက်တွေကိုကြိုးတုပ်ခဲ့လိုက်''''ဟုတ်ကဲ့''
''မလုပ်ပါနဲ့ မလုပ်ပါနဲ့
အား!!''ခြေလက်တွေကိုကြိုတုပ်ခံလိုက်ရချိန်မှာ စံအိမ်ပတ်လည်ကမီးတွေသည်လည်းဟုန်းဟုန်းတောက်နေပြီဖြစ်သည်။သူမက မီးလောင်တိုက်ထဲအရှင်လတ်လတ်အသွင်းခံရသကဲ့သို့ ထိုနေရာဝယ်တတွန့်တွန့်လူးရင်းကျန်နေခဲ့ရသည်။ဘေးကိုကြည့်တော့လည်း ဒယ်ဒီနှင့်မာမီဟာ အသိသတိကင်းမဲ့နေလျက်...။
''မာမီ!!!
ဒယ်ဒီ!!! ထပါဦး...သမီးကြောက်တယ်...ကြောက်တယ်...အား!!''ဘယ်လိုပင်ခေါင်းကိုတွင်တွင်ခါးယမ်းထုတ်ပစ်လည်းကြောက်လန့်ဖွယ်ပုံရိပ်တွေဟာလွင့်ပျောက်မသွားခဲ့။ထိုစဥ်မှာပဲ အာရုံထဲထပ်၍တိုးဝင်လာသည့်ပုံရိပ်များက...
VOCÊ ESTÁ LENDO
💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)
Romance''ခြားနားခြင်းတွေ ဘယ်လောက်များလည်း... နာကျင်ခြင်းတွေ ဘယ်လောက်များလည်း... အရာရာဟာ ပြောင်းလဲသွားခဲ့လည်း... နှလုံးသားတွေ မပြောင်းလဲခဲ့တဲ့အခါ ကိုယ်တို့ကျိန်းသေထပ်ချစ်နိုင်ကြတယ်....၊ မိုင်ပေါင်းများစွာ ဝေးကွာခဲ့ရလည်း ဒီနှောင်ကြိုးတွေဟာဖြင့် ဘယ်အခါမှ မပြယ...