Part 62

9K 259 7
                                    

Unicode ver

စျာပနပွဲဟာ လူနည်းနည်းနဲ့ဆိတ်ဆိတ်ငြိမ်ငြိမ်သာပြီးသွားခဲ့လေသည်။ဦးနေမျိုးဆက်အနေနဲ့လတ်တလောမှာ လုပ်ငန်းပိုင်းဆိုင်ရာနာမည်ပျက်ထားမှုကြောင့် အရင်ကရင်းနှီးပတ်သက်ဖူးသည့်စီးပွားဖက်တချို့ကတောင် မလာဘဲရှောင်နေခဲ့ကြပြီး သေဆုံးရတာသည်လည်း ရုတ်တရက်နှလုံးဖောက်သွားခြင်းဟုဆိုရှယ်ပေ့ချ်အတော်များများကရေးသားဖော်ပြခဲ့သည်။ယခုကိစ္စကြောင့် ဒါရိုက်တာကောင်းကင်မျိုးဆက်ဟာ Grand Generationဥက္ကဌရဲ့သားမှန်းသိသွားခဲ့ကြပြီး သူ့ထံအင်တာဗျူးjoinထားသူတွေလည်းတစ်သီကြီးရှိသည်။

''မင်းအဖေ ကောင်းရာမွန်ရာမှာငြိမ်းချမ်းသွားပါပြီကွာ´´

သူ့လက်ထဲကိုင်ထားသည့်အရိုးပြာအိုးကိုကြည့်ကာ ဦးအောင်ခတ်ကဆိုသည်။အခုမှသိရတာက အဖေဟာ အရင်ကတည်းကနှလုံးရောဂါဝေဒနာကိုခံစားနေရပြီး သူ့ကိုတော့တမင်မပြောခဲ့တာတဲ့လေ...။

''ဒါရိုက်တာဆက် အခုတရားရင်ဆိုင်တဲ့ကိစ္စတွေကိုဘယ်လိုဆက်ပြီးလုပ်ဆောင်သွားမှာပါလဲ´´

''ကျမတို့ကိုတစ်ချက်လောက်ဖြေပေးပါရှင့်´´

''ဖြေပေးပါရှင့်´´

အရိုးပြာအိုးကိုင်၍ ကားရှိရာဆီလျှောက်လာနေသည့်အခိုက် သတင်းmediaတစ်ချို့မှပုံတွေတဖျတ်ဖျတ်ရိုက်ကာ တိုးဝှေ့မေးကြလေသည်။သူ့နံဘေးမှာတော့ အလင်းနှစ်တို့ဇနီးမောင်နှံ၊စစ်ရန်မခတို့အတွဲနှင့် အနုပညာလောကမှတချို့အသိတွေရှိနေခြင်းကြောင့် သတင်းသမားတွေကယခုလိုပို၍တိုးဝှေ့နေခြင်းပင်။

''မေးတာလေးဖြေပေးပါဦးရှင့်´´

''ဟုတ်ကဲ့ ကျွန်တော်ကပဲအားလုံးကိုဆက်ပြီးတာဝန်ယူဖြေရှင်းသွားပါမယ်...ကျန်တာတွေထပ်မမေးကြတော့ဖို့မေတ္တာရပ်ခံပါတယ်၊ခွင့်ပြုပါဦး´´

စကားဆုံးသည်နှင့် သူကားရှိရာဆီဆက်လျှောက်လာခဲ့သည်။အသည်းလေးကိုတော့ အထိအခိုက်ခံမရတဲ့အခြေအနေကြောင့် ဆေးရုံမှာပဲထားခဲ့ရတာဖြစ်သည်။ဒါတောင်ကလေးက မနေ့ညအထိခေါ်သွားဖို့တဖွဖွပူဆာနေသေးတာ။သူကလည်းခေါ်မယ်ပြောပြီးချော့ထားခဲ့ပေမယ့် မနက်ကျမှအိပ်ဆေးသွင်းကာထားခဲ့ရသည်။မဟုတ်ရင် ဒီအခြေအနေထဲ တစ်ခုခုထပ်ဖြစ်မလားမသိနိုင်ဘူးလေ...။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Место, где живут истории. Откройте их для себя