Part 53

5.6K 185 2
                                    

Unicode ver

''အဖေ ဘာတွေစဥ်းစားနေတာလဲ''

အဝေးတစ်နေရာကိုငေးကြည့်ရင်း တစ်ခုခုကိုအလေးအနက်တွေးနေပုံရတဲ့အဖေက သူ့စကားသံကြားမှအသိဝင်သွားလေ၏။ဒီတလောအဖေ့ကိုကြည့်ရတာ တစ်မျိုးပဲ။ဘာတွေများစဥ်းစားစရာရှိနေပါလိမ့်။

''သား ပြန်လာပြီလား
ဝင်ခွင့်တင်တာအဆင်ပြေခဲ့ရဲ့လား''

''ဟုတ်ကဲ့ ပြေပါတယ်''

''သား ဒီမှာနေရတာရောအဆင်ပြေရဲ့လား''

ရုတ်တရက်အထူးအဆန်းမေးလိုက်ခြင်းမို့ ကောင်းကင်မျိုးဆက်ခဏမျှငြိမ်သွားမိရသည်။အရင်ကအဖေမေးနေကျဟာ ကျောင်းမှာအဆင်ပြေလားဆိုတာပဲဖြစ်သည်။ဒီအိမ်မှာနေရတာအဆင်ပြေလားလို့အဖေတစ်ခါမှမမေးခဲ့ဖူးပါဘူး။

''ဒီအိမ်မှာ ကျွန်တော်တို့အမြဲအဆင်ပြေခဲ့တာပဲလေ
အဖေဘာဖြစ်လို့လဲ''

''ဟင့်အင်း မဟုတ်ပါဘူး
အဖေကဒီအတိုင်းမေးကြည့်တာ''

''ဟုတ် ဒါဆိုကျွန်တော်အပြင်ခဏသွားလိုက်ဦးမယ်''

အရောင်တလက်လက်မျက်ဝန်းလေးနဲ့ပြောလာခြင်းကို ဦးနေမျိုးဆက်ချက်ချင်းသဘောပေါက်လိုက်ပါ၏။သားကအခုဆို လူပျိုအရွယ်လေးဖြစ်ပြီ။ချစ်သူရည်းစားလေးကလည်းရှိပြန်တော့ သူ့ခမျာတွေ့ချင်မြင်ချင်ရှာမှာပေါ့လေ။တစ်ခြံဝန်းထဲအတူနေကြသည့်တိုင် သူဌေးကတော်ရဲ့မျက်လုံးထဲမြင်စရာဖြစ်လာမှာစိုးလို့ ကလေးနှစ်ယောက်ဟာ အမြဲလိုကျိတ်မှိတ်ဆင်ခြင်နေရသည်မဟုတ်လား။

''သမီးလေးနဲ့ချိန်းထားတာလား''

''ဟုတ်တယ်
ငယ်အခုလောက်ဆိုစောင့်နေမှာ''

''အင်း သွားလေ သား
ကလေးကိုဂရုစိုက်နော်၊ပြီးတော့ အရမ်းမိုးမချုပ်စေနဲ့''

''ဟုတ်ကဲ့''

အဖေ့ကိုပြောပြီးသည်နှင့် သူကင်မရာလေးလည်ပင်းမှာသိုင်းကာ ဩငယ်စောင့်နေမည့်နေရာဆီစက်ဘီးလေးနှင့်လာခဲ့လိုက်၏။အခုဆိုဝါသနာကိုအစပျိုးဖို့ သူ့မှာကင်မရာလေးတစ်လုံးရှိသည်။ဒါကိုအဖေကလက်ဆောင်ပေးခဲ့တာဖြစ်ပြီး အထဲမှာမှတ်တမ်းတင်မိသမျှကတော့ ချစ်ရတဲ့ကလေးလေးပုံတွေချည်းသာဖြစ်သည်။အခုဆို ကောင်းကင်မျိုးဆက်ကမန္တလေးမှာတက္ကသိုလ်ဝင်ခွင့်တင်ပြီးပြီ။ကလေးကလည်းYUFLကိုရွေးလိုက်တာကြောင့် တက္ကသိုလ်ဖွင့်ရင် သူတို့နှစ်ဦးစလုံးမန္တလေးသွားရမှာမို့ နှစ်ယောက်သားတက္ကသိုလ်အိပ်မက်တွေအတွက် ကြိုလည်းပျော်နေခဲ့ကြ၏။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now