Unicode ver
'ကျမတို့ရဲ့ The Popular Director of the yearဖြစ်ပါတယ်ရှင့်...Congraulations ကောင်းကင်မျိုးဆက်!!''
''ဖျောင်း! ဖျောင်း!''
ပွဲတစ်ခုလုံးထဲတရိပ်ရိပ်ပြေးနေတဲ့မီးရောင်ဟာ သူ့ကိုယ်ပေါ်မှာတစ်ကွက်ထဲထိုးစိုက်လာပြီး လက်ခုပ်သံတွေဆူညံနေသည်အထိ ကောင်းကင်လုံးဝသတိမပြုမိပေ။သူစိုးရိမ်တကြီးကြည့်နေတာက အသည်းရဲ့မျက်နှာ။အသည်းတစ်ခုခုပြောလာလိမ့်မလား၊တစ်ခုခုဖြစ်သွားလေမလားဟူသော ပူပန်ခြင်းမှာ အသက်ရှူ၍ပင်မဝ။ဘေးကစကားသံတွေ မကြားသလို စင်ပေါ်ကဖိတ်ခေါ်သံကိုလည်း သူမသိတော့ပါ။
''မောင်!''
''အင်း အသည်း ပြောလေ
မောင်ရှိတယ်''''မောင့်ကိုခေါ်နေတယ်
မောင့်နာမည်ကြော်ငြာလိုက်ပြီ''''အသည်းအဆင်ပြေရဲ့လား
ဘယ်လိုနေလဲ မောင့်ကိုပြော''ထပ်၍မေးလာတော့ သည်းသက်ခေါင်းလေးယမ်းကာ မျက်နှာကိုချက်ချင်းပြင်လိုက်ရသည်။ထို့နောက် မောင့်လက်ဖျားလေးဆီတင်းတင်းဆုပ်ကိုင်ထားလျက်မှ...
''အသည်းဘာမှမဖြစ်တော့ဘူး
ဟိုမှာ ဟိုဘက်ကိုကြည့်ဦး''ကလေးအခြေအနေကအရမ်းကြီးဆိုးပုံမရတာကြောင့်သူလည်းအခုမှစိတ်အေးနိုင်ပါသည်။တစ်ဖက်projectorကိုလှည့်ကြည့်တော့ ''Be With you''ဟူသောtitleနဲ့အတူ သူ့ရဲ့အကောင်းဆုံးဖန်တီးမှုတစ်ခုအားပြသနေပြီဖြစ်သည်။တော်သေးတာပေါ့။တခြားဇာတ်လမ်းနဲ့ဆုရတာဖြစ်နေလို့။နောက်တစ်ခါသာ Peony Heavenထပ်ဖွင့်ပြရင် ကမ္ဘာပျက်ရဦးမှာ သူပဲလေ...။
''The best director of the year ကောင်းကင်မျိုးဆက်ကိုကြိုဆိုပါတယ်...ကြွပါရှင့်''
''ဖျောင်း! ဖျောင်း! ဖျောင်း!''
လက်ခုပ်သံတွေထပ်ကြားရချိန်မှာတော့ ကောင်းကင် ကလေးရဲ့နဖူးလေးအားငုံ့နမ်းကာ နေရာမှထရပ်လိုက်သည်။ထို့နောက် မီးရောင်တွေတဖျတ်ဖျတ်လက်နေသော stageစင်မြင့်ထက် ခပ်သွက်သွက်လျှောက်သွားလိုက်၏။
''sorry!''
စင်ပေါ်ရောက်သည်နှင့် တင်ဆက်သူတွေဘက် သူအားနာစွာဆိုမိတော့ ပြုံး၍သာကြည့်နေကြလေ၏။စောစောက ဘာမှဂရုမစိုက်ဘဲ မိန်းမကိုသာအာရုံရောက်နေတဲ့သူ့ပုံက projectorမှာပေါ်သွားခဲ့သည်လေ။
STAI LEGGENDO
💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)
Storie d'amore''ခြားနားခြင်းတွေ ဘယ်လောက်များလည်း... နာကျင်ခြင်းတွေ ဘယ်လောက်များလည်း... အရာရာဟာ ပြောင်းလဲသွားခဲ့လည်း... နှလုံးသားတွေ မပြောင်းလဲခဲ့တဲ့အခါ ကိုယ်တို့ကျိန်းသေထပ်ချစ်နိုင်ကြတယ်....၊ မိုင်ပေါင်းများစွာ ဝေးကွာခဲ့ရလည်း ဒီနှောင်ကြိုးတွေဟာဖြင့် ဘယ်အခါမှ မပြယ...