Part 59

7.1K 229 13
                                    

Unicode ver

''သားသားနဲ့မီးမီးအတွက်Happy birthdayပါ´´

''ကျေးဇူးပါ မမသည်းသက်´´

သည်းသက်ကမ်းပေးသည့်လက်ဆောင်ထုပ်လေးအား အလင်းနှစ်ဇနီးမုန်းမဖွဲ့သာမှ ရယ်ပြုံးစွာလှမ်းယူလေ၏။အဖြူခံမှာ လိမ္မော်ရောင်ချိတ်လိုင်းလေးတွေပါဝင်သည့်မြန်မာဝတ်စုံလေးနှင့်သူမဟာ သိမ်မွေ့စွာနန်းဆန်လို့နေသည်။

''ဖွဲ့ အရမ်းလှတာပဲ´´

''ကျေးဇူးပါရှင့် အိမ်ထဲဝင်ရအောင်လေ မမ
ကိုကောင်းကင်ရော´´

''ဟိုမှာ ကားရပ်နေတုန်း အလုပ်ကဖုန်းလာလို့ပြောနေတယ်၊သည်းသက်ကစိတ်မရှည်လို့ဆင်းလာတာ´´

''ဪ ဟိုမှာလာပါပြီ´´

ဖွဲ့မှထပ်ပြော၍ သည်းသက်လှည့်ကြည့်လိုက်တော့ မောင်ကခပ်မြန်မြန်ခြေလှမ်းကလေးဖြင့်လျှောက်လာနေလေပြီ။

''လာပါပြီ မိန်းမရယ်
နှုတ်ခမ်းလေးတထော်ထော်နဲ့ဘာတွေပြောနေတာလဲ´´

''မောင် ကြာနေလို့´´

''ဟား!ကိုဆက် စောစောရောက်လာတာပဲ´´

''အင်း ဆွမ်းကပ်ပြီးတရားနာတာမီအောင်လို့လေ
ဒီမှာအိမ်ကမဗိုက်က ညကတည်းကလက်ဆောင်တွေထိုင်ထုပ်ပြီး မိုးလင်းကတည်းကအလှပြင်နေတာ´´

ကောင်းကင်မျိုးဆက်အပြောကြောင့် တစ်ဖက်လင်မယားနှစ်ယောက်ရယ်လေ၏။အလင်းနှစ်သည်လည်း လည်ကတုံးအဖြူလေးနှင့်ပုဆိုးအနက်ကွက်စိပ်လေးကိုခပ်ရိုးရိုးသာဝတ်ထားသည်မို့ မုန်းမဖွဲ့နဲ့အတူမြန်မာဆန်နေလေသည်။အလင်းနှစ်ကိုအမြဲတမ်းခေတ်မီဒီဇိုင်းတွေနဲ့သာတွေ့ဖူးထားတဲ့သည်းသက်အတွက်ကတော့ ဒီပုံစံဟာတစ်မျိုးလေးဆန်းနေပြီး ပုဆိုးလေးနဲ့လိုက်ဖက်မှုမှာ မောင်ကပိုသာသည်ဟုရုတ်တရက်ပင်တွေးမိပါသေး၏။

''လာ ဝင်ရအောင်
အမြွှာတွေနဲ့မိတ်ဆက်ပေးမယ်´´

အိမ်ရှင်လင်မယားရဲ့ဦးဆောင်မှုနောက်လိုက်ဝင်လာခဲ့တော့ အထဲ၌ကျွေးမွေးဧည့်ခံဖို့ပြင်ဆင်ထားသည်များအားတွေ့ရသည်။အလင်းနှစ်ရဲ့သားနဲ့သမီးက social mediaမှာလည်း အချစ်ခံလေးတွေမို့ သူတို့အတွက်မွေးနေ့ဆုတောင်းပေးသောကဒ်နဲ့လက်ဆောင်ပစ္စည်းတွေလည်းအများကြီး။နာမည်ကြီးမင်းသားအိမ်လို့မပြောရ...၊အထဲမှပြင်ဆင်မှုအားလုံးဟာ အနုပညာဆန်ပြီး နံရံထက်မှာပန်းချီကားတစ်ချို့နဲ့အလင်းနှစ်ရဲ့ဓာတ်ပုံရှိသလို မိသားစု၄ယောက်ပုံလေးကိုလည်း အရွယ်အစားခပ်ကြီးကြီးဖြင့်ချိတ်ဆွဲထားလေ၏။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Donde viven las historias. Descúbrelo ahora