Part-16

12.4K 313 2
                                    

Unicode ver

အိမ်ပြန်ရောက်သည်နှင့် သူမအရိပ်လေးကိုအမောတကောရှာမိပေမယ့် မတွေ့ရပေ။

လှေကားကနေလူးလာခေါက်ပြန်ဆင်းပြီး ဧည့်ခန်းရောက်လိုက်၊ခြံထဲရောက်လိုက်၊သူမအခန်းရှေ့ရောက်လိုက်ဖြစ်နေတဲ့သူ့ကို ဒေါ်မာလာမြင့်သတိထားမိကာ အနားသို့လျှောက်သွား၍...

''မမလေးကိုရှာနေတာလား´´

''အင်း!´´

''ဪ ဒါများ အစကတည်းကကျမကိုမမေးဘူး၊မမလေးက ဆေးခန်းသွားတယ်လေ...ပြီးတော့အပြန်မှာသူ့အမေအိမ်ကိုခဏဝင်မယ်လို့ခုနလေးကဖုန်းဆက်တယ်´´

သည်တော့မှယောက်ယတ်ခတ်နေတဲ့ခြေလှမ်းတွေအနားရသွားသည်။အမေအိမ်သွားနေတယ်ဆိုတော့လည်း လိုက်ခေါ်လို့မကောင်းချေဘူးလေ။ပြန်လာတဲ့အထိစောင့်ရတော့မှာပေါ့။

သို့နှင့်သူအပေါ်ထပ်ပြန်တက်ကာ ခဏနားပြီးရေချိုးအဝတ်အစားလဲလိုက်သည်။ထို့နောက် အခန်းပြတင်းမှန်ချပ်ဆီမှ ခြံထဲဘက်လှမ်းကြည့်မိတဲ့အခါ အဖြူရောင်ကားတစ်စီးရပ်ထားတာကိုတွေ့လိုက်ရ၏။

သည်းသက်ပြန်ရောက်နေတာလား!

အတွေးကဖြစ်နိုင်ဖို့များပါသည်။အကယ်၍တခြားဧည့်သည်သာဆို အန်တီမြင့် သူ့ဆီလာပြောမှာမလွှဲမသွေပဲလေ။ဒီတော့ဆိုလိုတာက မိဘအိမ်ကနေသူမကားကို သွားပြန်ယူလာခဲ့တယ်ပေါ့။သဘောက နောင်မှာသွားလိုရာကို တစ်ယောက်တည်းသွားတော့မှာဖြစ်ကြောင်း အသံတိတ်နည်းနဲ့ဆန္ဒပြလိုက်တာပေါ့။

''ကျစ်!´´

မကျေမချမ်းစိတ်နဲ့အတူ စုပ်တစ်ချက်သပ်ရင်းလှေကားထစ်တွေကို ဆောင့်နင်းလာခဲ့၏။အိမ်ထဲမှာသူမရှိမနေတာမို့ ခြံထဲလိုက်လာခဲ့မှ ဒန်းပေါ်ထိုင်နေတဲ့ပုံရိပ်ကိုမြင်လိုက်ရသည်။လက်ထဲမှာပန်းသီးတစ်လုံးနဲ့ဓားကိုကိုင်ထားပြီး ပန်းသီးကိုအကုန်ခွဲလိုက်သည်လည်းမဟုတ်ဘဲ တစိတ်ပြီးမှတစိတ် တတိတိလှီးပြီးစားနေတဲ့ ပုံစံကြောင့်သူအလိုမကျစွာမျက်မှောင်ကြီးကျုံ့၍ အနားသို့ဆက်လျှောက်သွားလိုက်ပြီး...

''ခွဲရင်လည်း အကုန်ခွဲလို်က်တာမဟုတ်ဘူး။ဘယ်လိုတွေလုပ်နေတာလဲ
လက်ထိတော့မှာပဲ´´

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now