Part-5

12.7K 322 9
                                    

Unicode ver

အိပ်မက်။
ဒါဟာ ထင်ယောင်ထင်မှားအိပ်မက်,မက်နေခြင်းမျိုးလား။ဒီလိုဆိုရင် တစ်သက်စာပြန်နိုးမထနိုင်ဖို့ကိုပဲ သည်းသက်ဆုတောင်းမိတော့မှာ။

ကမ္ဘာနှစ်ဖက်ပိုင်းပြတ်ခဲ့ရင်တောင် သည်းသက်မပါဝင်မယ့်တစ်ဖက်ခြမ်းကိုသာရွေးချယ်သွားမယ့်မောင်က အခုဒီနေရာမှာ...၊မိဘတွေရဲ့ရှေ့မှာ သည်းသက်ကိုလက်ထပ်မယ်လို့ပြောလိုက်တယ်တဲ့လား။အလွန်ကိုယုံကြည်ရန်ခက်ပေမယ့် ဒါဟာတကယ့်အဖြစ်အပျက်တော့ဟုတ်ပါတယ်။

ဟုတ်တယ်လို့လည်း မကြင်နာတဲ့အမုန်းမျက်ဝန်းတွေကပြောနေတယ်။

မုန်းနေလျက်နဲ့များ မောင်ရယ်...၊ဘာကြောင့်အခုလိုတွေလုပ်နေရတာလဲ?

''မောင် သည်းသက်တို့စကားခဏပြောရအောင်´´

''မလိုပါဘူး
ငါအဲ့လောက်အထိအားမနေဘူး´´

''ဒါဖြင့်လည်း ပြန်လိုက်ပါ
ပြီးတော့ ဒီလက်စွပ်ကို...´´

''မင်းချွတ်ရဲရင် ချွတ်ကြည့်လိုက်!´´

လက်စွပ်လေးပေါ်ထိမိရုံရှိသေး သူကလေသံဆောင့်ဆောင့်ဖြင့်ပိတ်အော်လိုက်တာမို့ သည်းသက်ကိုယ်လေး ဆတ်ခနဲလန့်တုန်သွားရသည်။ထို့နောက်သူက မြင့်မားသောအရပ်ကြီးအား သည်းသက်ဘက်သို့ကိုင်းညွှတ်လာကာ တည်တင်းသောမျက်နှာကလည်း သည်းသက်ရဲ့နားရွက်ဖျားလေးအနားအထိငုံ့ကပ်၍ ခပ်တိုးတိုးဆိုလာသည်က...

''ဟန်ဆောင်မနေနဲ့၊ဒါမင်းဖြစ်ချင်တဲ့ပုံစံပဲမဟုတ်ဘူးလား´´

အထင်တသေးအကြည့်နဲ့အမေးကြောင့် သည်းသက်ရင်ထဲနာကျင်သွားမိသည်။ဘယ်လိုပင် ရှင်းပြစေဦးတော့...အခုနေမှာအားလုံးကအကြောင်းပြဆင်ခြေတွေသက်သက်သာဖြစ်လိမ့်မည်ထင်၏။

မောင်က အဆုံးစွန်အထိ အထင်လွဲနေတာ။မကျေနပ်ချက်တစ်ခုအတွက်နဲ့သူ့ဘဝကိုဝင်ပြီးမွှေနှောက်လက်စားချေတယ်ထင်နေတာ။

''မဟုတ်ဘူး၊မောင် အထင်လွဲနေပြီ´´

''တော်တော့၊ငါ့ရှေ့မှာမျက်ရည်မကျပြနဲ့
မင်းဘက်ကစပြီး မီးတောင်ရှို့ရဲ့သေးတာပဲ...အဲဒီ့တော့လောင်ကျွမ်းကြမယ်´´

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Où les histoires vivent. Découvrez maintenant