Part-8

11.1K 273 5
                                    

Unicode ver

ကျွန်းလှေကားထစ်တွေပေါ်တစ်လှမ်းချင်းနင်းတက်နေသည့်ခြေလှမ်းများက အားအင်မဲ့လှသည်။ကိုယ်ပိုင်တဲ့ကိုယ့်အိမ်ထဲလမ်းလျှောက်နေတာတောင် ခြေလှမ်းကဦးတည်ဘက်ပျောက်နေ၏။အပြောင်းအလဲကြီးတစ်ခုဖြစ်နေတဲ့ကိုယ့်ဘဝကိုယ်အသားမကျသေးတာလား?ဒါမှမဟုတ် ချစ်ရသူကိုအားနာစိတ်ဖြစ်နေမိတာလား?ကိုယ့်ချစ်သူမဟုတ်တဲ့တခြားမိန်းကလေးတစ်ယောက်ကို သက်ဆိုင်သူတရားဝင်ဇနီးအဖြစ် ဒီအိမ်ထဲခေါ်လာရတဲ့ခံစားချက်ကတစ်ခုခုထူးဆန်းနေတာတော့အသေအချာပါ။

လှေကားထစ်ဆုံးသွားတော့ ကိုယ့်အခန်းဆီဝင်ရမည့်ခြေလှမ်းဟာမျက်နှာချင်းဆိုင်၌ရှိနေသည့်အခန်းတံခါးလေးရှေ့မှာရပ်တန့်လိုက်မိသည်။ထို့နောက် pw noတွေကိုနှိပ်ကာ လော့ခ်ကိုခပ်ဖြေးဖြေးဖွင့်ဝင်ခဲ့၏။

ဒါက ဩငယ်အတွက်လို့ရည်ရွယ်ပြီး သူပြင်ဆင်ပေးထားတဲ့အခန်းဖြစ်သည်။ဘယ်တော့မှမဖြစ်နိုင်တော့ဘူးဆိုပေမယ့် သူ့ဘဝရဲ့အကြီးမားဆုံးအိပ်မက်လေးကိုဒီနေရာမှာမြုပ်နှံထားခဲ့တာကြာပြီ။အခန်းထဲမှာ ဩငယ်နဲ့ပတ်သက်တဲ့အရာတွေ...၊အသက်၁၇နှစ်အရွယ်ကနေစပြီးနောက်ပိုင်းပြောင်းလဲလာမယ့်အနေအထားအလိုက် အဝတ်အစားလှလှလေးတွေသူဝယ်ထားတတ်သလို ဖိနပ်လှလှလေးတွေလည်းရှိသည်။ပြီးတော့ ခန်းဆီးလိုက်ကာ၊အိပ်ရာခင်းကအစ နံရံတွေအဆုံး တစ်ခန်းလုံးဟာသူမကြိုက်တဲ့အဝါရောင်တွေခြယ်ထားပြီး ငယ်စဥ်ကသူနဲ့သူမအတူတူရိုက်ထားသည့်ဓာတ်ပုံလေးတစ်ချို့လည်းရှိသေးရဲ့။နည်းနည်းပါပဲ။ကျန်တာတွေက မီးလောင်ပြင်ထဲမှာ ပြာမှုန်တွေဖြစ်သွားခဲ့ပြီလေ။

ကုတင်ရဲ့ညာဘက်မှန်တင်ခုံလေးမှာ မိန်းကလေးအသုံးအဆောင်အလှပြင်ပစ္စည်းတွေရှိသလို ထိုနံဘေးကပ်လျက်မှာက လူတစ်ရပ်စာမျှရှိသောသူမဓာတ်ပုံကိုချိတ်ဆွဲထားတာမို့ ငေးကြည့်လိုက်တိုင်းမှာ အပြုံးချိုချိုနဲ့အဲ့ဒီ့မျက်နှာလေးက အပြင်မှာတကယ်ကိုအသက်ဝင်နေသလိုပင်။

အခန်းထောင့်တစ်နေရာမှာထပ်ရှိသေးတာက stanဖြင့်အသေအချာပြင်ဆင်ထားသော ရွှေရောင်အဆင်းနဲ့သတို့သမီးဝတ်စုံ။ပြီးတော့ လက်ထပ်လက်စွပ်။အဲ့ဒီမိန်းကလေးကို သူ့ဘဝရဲ့သတို့သမီးအဖြစ် သိပ်ကိုမြင်ချင်ခဲ့တာ...။ဒီအခန်းမှာသူမနဲ့ပတ်သက်သမျှအရာရာကို သူအခုလိုပြင်ဆင်ထားခဲ့တာကြာပါပြီ။ပြောရရင်သက်ရှိလူတစ်ယောက်နေထိုင်နေတဲ့အတိုင်းအသက်ဝင်အောင် သူစိတ်တိုင်းကျဖန်တီးထားတာဖြစ်၏။တခြားသူတွေအမြင်မှာတော့ ဒီလုပ်ရပ်တွေဟာအရူးလိုဖြစ်နေမှာပေါ့။ဟုတ်ပါတယ်၊ရူးနေတာပေါ့။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now