ကျန်းယွင်ရှိူ့ကို ပထမဆုံး တွေ့မြင်ဖူးသည့်အချိန်မှစ၍ သူသည် ဤကမ္ဘာပေါ်ရှိ ကောင်းမွန်သော အရာအားလုံးကို ယူဆောင်၍ ကျန်းယွင်ရှိူ့ထံသို့ ပေးအပ်ချင်ခဲ့သည်။
ထိုသို့လုပ်ချင်လျှင် ပိုက်ဆံရှိရမည်ဖြစ်သည်။
ယန်ကျင်းဇီသည် မူလပိုင်ရှင် ထားရစ်ခဲ့သော မှတ်ဉာဏ်များထဲမှ အလိုအလျောက် စတင်ရှာဖွေလိုက်သည် – နှစ်နှစ်ကြာပြီးနောက် မူလပိုင်ရှင် သေဆုံးသွားသည်။ ယုတ္တိရှိစွာပင် နောက်နှစ်နှစ်အတွင်း မည့်သည့်စတော့ရှယ်ယာများနှင့် ရန်ပုံငွေများ တိုးမြင့်လာသည်ကို မူလပိုင်ရှင် သိထားသင့်သည်။ ထို့အပြင် မူလပိုင်ရှင်၏ ကုမ္ပဏီ မည်သို့ပြိုလဲသွားကြောင်းကိုလည်း မူလပိုင်ရှင် သိသင့်ပေသည်။
သို့သော် မူလပိုင်ရှင်၏ နောက်နှစ်နှစ်အတွက် မှတ်ဉာဏ်များမှာ အလွန်ဝေဝါးလှသည်။
သူသည် နောက်နှစ်နှစ်အတွင်း ဖြစ်လာနိုင်သည်များကို သိရှိပြီး ကျန်းယွင်ရှိူ့နှင့်ပတ်သက်သော အကြောင်းအရာများမှာ အလွန့်အလွန် ထင်ရှားနေဆဲဖြစ်သည်။ သို့ရာတွင် တခြားအသေးစိတ်များမှာ ဝေဝါးနေပြီး ထိုမှတ်ဉာဏ်များမှတစ်ဆင့် ပိုက်ဆံရှာနိုင်ရန်မှာ မဖြစ်နိုင်ချေ။
သူသည် မြေကြီးပေါ်တွင် ခြေဖဝါးချ၍* သူ့ကုမ္ပဏီကို စနစ်တကျ စီမံနိုင်ရန်သာ တတ်နိုင်လောက်သည်။
(*လက်တွေ့ကျပြီး ဆင်ခြင်နိုင်စွမ်းရှိစွာဖြင့်။ )ယန်ကျင်းဇီသည် နေ့လယ်နှစ်နာရီအထိ အလုပ်လုပ်ပြီးနောက် အတွင်းရေးမှူးကျိုးကို နေ့လယ်စာ ယူခိုင်းလိုက်သည်။ ထို့နောက် သူ နေ့လယ်စာ စားနေစဉ် ကျန်းယွင်ရှိူ့ကို စွန့်လွှတ်ပြီး သုံ့ချင်းလင်နှင့် ကောင်းကောင်းမွန်မွန် နေထိုင်ရန် သူ့ကို အကြံပေးနေလျက်ရှိသော လောင်ချိုက်၊ ချိုက်ဟန်က သူ့ကို တွေ့ရန် ရောက်လာသည်။
မူလပိုင်ရှင်တွင် ဤလောင်ချိုက်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်... ယန်ကျင်းဇီသည် အတွင်းရေးမှူးကျိုးအား ထိုလူကို ခေါ်လာခိုင်းလိုက်သည်။
“ ယန်ကျင်းဇီ! ” လောင်ချိုက် ဝင်လာပြီး ယန်ကျင်းဇီနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ချလာသည် : “ မင်းက အရမ်းကောင်းတယ်။ ငါ့ဖုန်းကောလ်တွေကို မဖြေဘူး။ ငါ့မက်ဆေ့တွေကိုလည်း စာမပြန်ဘူး... အဲ့ကျန်းယွင်ရှိူ့ကြောင့် မင်းက သူငယ်ချင်းတွေကိုတောင် မလိုချင်တော့ဘူးလား? ”