Star Network ဟာ ဤရက်ပိုင်း၌ လွန်စွာသက်ဝင်လှုပ်ရှားနေသည်။
တပ်မ ၈ မှ တပ်ဖွဲ့ဝင်အချို့ကို သူတို့၏ရာထူးများမှ ဖယ်ရှားခဲ့သည်။ လွယ်လွယ်ကူကူ ဘဝကို ဖြတ်သန်းနေခဲ့ကြသော ကြယ်မြို့တော်၏ သာမန်လူများသည် ကမ္ဘာကြီးတွင် အမှောင်ထုများ ပြည့်နှက်နေကြောင်း ပထမဆုံးအကြိမ် သိသွားကြရသည်။
တစ်ချိန်တည်းတွင် လူတိုင်းသည် လူတစ်ဦး – ရှဝေချန်ကို စတင်အာရုံစိုက်လာကြသည်။
ရှဝေချန်၏ ကိုယ်ရေးအကျဉ်းကို ထုတ်ကာ star network တွင် တင်ခဲ့သည်။
ရှဝေချန်သည် ငယ်ရွယ်သော ပါရမီရှင်ဟု ခေါ်ထိုက်သည်။ သူသည် အထက်တန်းလွှာ မိသားစုမှ ဆင်းသက်လာသော်ငြား ခွန်အားကို အသုံးပြု၍ စကားပြောရသော စစ်တပ်သို့ သွားခဲ့၏။
စစ်တပ်တွင် သန်မာသူများ အလွန်ပြည့်ဝနေရာ အဆင့် A စစ်သည်တော်တစ်ဦး ဖြစ်သော သူ့အတွက် ဗိုလ်ချုပ်တစ်ဦး ဖြစ်ဖို့ရန်ပင် အမှန်တကယ် မလွယ်ကူပါချေ။ ဒါပေမယ့် သူက လုပ်နိုင်ခဲ့တယ်!
သူသည် အာကာသသူခိုးများကို သုတ်သင်ခဲ့ပြီး လူအများကို ဘေးဥပဒ်များမှ ကယ်တင်ခဲ့ကာ အန္တရာယ်များသော အာကာသသတ္တဝါများကို သတ်ဖြတ်ခဲ့သည်... သူ့စိတ်စွမ်းအင်အဆင့်သာ S ဖြစ်မည်ဆိုလျှင် သူဟာ ဟိုးယခင်ကတည်းက ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာနိုင်ဖွယ်ရှိ၏။
ထိုမျှတင်မက သူ့အချစ်ရေးကလည်း အရမ်းသန့်ရှင်းသည်။
အထက်တန်းလွှာအချို့က သူတို့၏အကူဆရာများကို အခြားသူများအတွက် စိတ်စွမ်းအင်လမ်းညွှန်မှု လုပ်ပေးရန်ပင် သဘောမတူသော်လည်း သူတို့ကမူ အကူဆရာများ ရှိနေပြီးသောအခါတွင်ပင် အခြားသူများနှင့် ပွေရှုပ်ကြလိမ့်မည်... ရှဝေချန်က မတူဘူး!
ရှဝေချန်နှင့် သူ့ဇနီးတို့သည် စစ်တပ်ထဲတွင် တွေ့ဆုံခဲ့ကြသည်။ သူတို့နှစ်ဦးသည် ယခုအချိန်အထိ တစ်ဦးကိုတစ်ဦး ပံ့ပိုးပေးခဲ့ကြပြီး သူတို့၏ဆက်ဆံရေးက အလွန်ကောင်းမွန်သည်။ ရှဝေချန်သည် သူ့ဇနီးအတွက် အိမ်အပြင်သို့ပင် ပြောင်းရွှေ့ခဲ့သည်။