အပိုင်း ၁၇၆ ( Mine Owner 25 - extra)

3K 459 27
                                    

ကြယ်မြို့တော်၊ ဗဟိုစစ်တက္ကသိုလ်။

ယနေ့ ဗဟိုစစ်တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ အားလုံးဟာ အလွန်စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် ကျောင်းအ၀င်ဝကို ရံဖန်ရံခါ ကြည့်နေကြပြီး ကျောင်းအဝင်ဝတွင် တိုက်ရိုက်ရပ်နေသော ကျောင်းသားတချို့ပင် ရှိနေသည်။

အရှင် Marshal က သူတို့ကျောင်းမှာ စာသင်ပေးဖို့ လာနေပြီ! သူက သူတို့ကို စိတ်စွမ်းအင် အသုံးပြုနည်း သင်ပေးမှာ!

အခြေခံအားဖြင့် ကြယ်တာရာမဟာမိတ် တစ်ခုလုံး၏ ထိပ်တန်းစစ်သည်တော်များသည် ဗဟိုစစ်တက္ကသိုလ်တွင် သူတို့၏အသက်အရွယ်အလိုက် လာရောက်ပညာသင်ကြားကြသည်။ ယခု ဤကျောင်းသည် ငယ်ရွယ်သော အဆင့် S စစ်သည်တော် တစ်ဒါဇင်၊ အဆင့် A စစ်သည်တော် ရာပေါင်းများစွာနှင့် အဆင့် B စစ်သည်တော်များစွာ၏ နေရပ်မြေ ဖြစ်လာသည်။

တချို့သည် လွန်ခဲ့သော ရက်အနည်းငယ်က ရှမိသားစု ဂုဏ်ပြုစားပွဲသို့ သွားရောက်ခဲ့ကြပြီး ယန်ကျင်းဇီ၏ အရည်အချင်းကို သိခဲ့ကြသော်ငြား အချို့သော လူများသည် အွန်လိုင်းဗီဒီယိုများမှ ယန်ကျင်းဇီကိုသာ မြင်တွေ့ခဲ့ကြရသည်။

ဤအခိုက်အတန့်တွင် ရှမိသားစု၏ပွဲသို့ သွားရောက်ခဲ့ကြသူများအား တစ်စုံတစ်ဦးက မေးမြန်းလိုက်သည် : " အရှင် Marshal က တကယ်ပဲ အရမ်းအံ့ဩစရာကောင်းတာလား? "

" ဒါပေါ့! အဲ့တုန်းက တပ်မှူးတွေ အကုန်လုံးကို အင်းဆက်တွေက အနိုင်ယူနိုင်ခဲ့ပေမယ့် အရှင် Marshal ကတော့ အင်းဆက်တွေကို ဆက်တိုက်လိုက်နေခဲ့တာ! " ထိုနေ့က ရှမိသားစု၏ပွဲတွင် ရောက်ရှိနေခဲ့ပြီး Zerg နှင့် တိုက်ပွဲကို ပါဝင်ဆင်နွှဲခဲ့သူတစ်ဦးက ကျယ်လောင်စွာ ပြောလာသည် : " အဲ့အချိန်တုန်းက အရှင် Marshal ရဲ့ စိတ်စွမ်းအင်က ဖိနှိပ်လိုက်တော့ ငါ့တစ်ကိုယ်လုံး ကြေမွတော့မယ်လို့ ခံစားခဲ့ရတယ်! "

နောက်တစ်ဦးက ဆိုသည် : " ဟုတ်တယ်၊ အရှင် Marshal က တကယ် သန်မာတယ်! "

" အရှင် Marshal ဘယ်တော့လာမလဲ ငါ မသိဘူး။ "

လူအုပ်ကြီး စကားပြောနေစဉ်တွင် ယာဉ်ပျံတစ်စီးက ရုတ်တရက် သူတို့ခေါင်းပေါ်မှ ဖြတ်မောင်းသွားသည်။

ချစ်ခင်ပွန်း [ ဒုတိယမြောက် ]Where stories live. Discover now