အပိုင်း ၁၁၅ ( The President 15 )

1K 54 3
                                    

ကျန်းယွင်ရှို့သည် သုံ့ချင်းလင်၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်လာသည်။

သူသည် သူ့ယခင်ဘဝတွင် ကျန်းယွင်ရှို့၏ အရိပ်ထဲ၌ လေးနှစ်ကြာ နေထိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူသည် ကျန်းယွင်ရှို့ကို အနိုင်မရချေ။ ကျန်းယွင်ရှို့၏နာမည်ကို ကြားလိုက်ရသည်နှင့်တပြိုင်နက် သူသည် ညဘက်တွင် အိပ်မပျော်နိုင်တော့ပေ။

ပြန်လည်မွေးဖွားခြင်း အ‌ခွင့်အရေးနှင့်အတူ သူသည် ဘုရားသခင်က သူ့ကို နောက်ဆုံးတွင် ဂရုစိုက်လာပြီဟု တွေးခဲ့ပြီး နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ ၎င်းကို အတည်ပြုပုံပေါ်လာသည်။

အရက်မူးနေစဉ် သူသည် ယန်ကျင်းဇီထက် မဆိုးသော ကောင်းပေါ်ဟောင်နှင့် တွေ့သည်။

ယန်ကျင်းဇီနှင့် ဆက်ဆံရေးဖြတ်တောက်ရန် ဆုံးဖြတ်ပြီးနောက် ယန်ကျင်းဇီ၏ သူ့အပေါ် သဘောထားက သိသိသာသာ ပြောင်းလဲသွားသည်။

နောက်ထပ်နှစ်နှစ်အတွင်း သို့မဟုတ် အနာဂတ် မှတ်ဉာဏ်များ ရှိခြင်းနှင့် နောက်ထပ်နှစ်နှစ်တိတိ စန္ဒရားတီးကျင့်ခဲ့ရခြင်းတို့ကလည်း သူ့ကို ကျောင်းမှ ဆရာများ၏ ချီးမြှောက်ခြင်း ခံရစေပြီး တန်ဖိုးထားထိုက်သော လူများနှင့် နောက်တစ်ကြိမ် တွေ့ဆုံခွင့်‌ရစေသည်။

ကျန်းယွင်ရှို့ပင်လျှင် အရှုပ်တော်ပုံများနှင့် ရင်ဆိုင်နေရသည်။

သူသည် အရမ်းကျေနပ်ဂုဏ်ယူမိသည်။ ကမ္ဘာကြီးက သူ့အနားတွင် လှည့်ပတ်နေလိမ့်မည်ဟု သူသည် အမြဲခံစားနေရသော်လည်း ဤအရာအားလုံးက ရုတ်တရက် ပြောင်းလဲသွားသည်။

မနေ့ညကအထိ သူ့ကို လိုက်ချော့နေဆဲဖြစ်သော ယန်ကျင်းဇီက ရုတ်တရက်ကြီး သူ့ကို ထားခဲ့ပြီး ကျန်းယွင်ရှို့နဲ့ တွဲလိုက်သည်။

သူ့ကို နှစ်သိမ့်နေကြသော ယန်ကျင်းဇီ၏ သူငယ်ချင်းများကလည်း ရုတ်တရက်ကြီး သူ့ကို blacklist သွင်းလိုက်ကြသည်။

ကျန်းယွင်ရှို့ပင်လျှင် အလွယ်တကူ ဆေးကြောပြီးပြီဖြစ်သည်။

သူသည် ကိစ္စများက ဤကဲ့သို့မဖြစ်သင့်ဟု အမြဲခံစားရပြီး ၎င်းကြောင့် ကျန်းယွင်ရှို့စီကို သူ ရောက်လာခြင်းဖြစ်၏။

ချစ်ခင်ပွန်း [ ဒုတိယမြောက် ]Onde histórias criam vida. Descubra agora