အပိုင်း ၁၉၅ ( Rich Second Generation 19 )

650 27 2
                                    

ယန်ကျင်းဇီသည် လုကျင်းရှို့ဘေးတွင် လှဲနေခဲ့သည်။ လုကျင်းရှို့ကို နမ်းကာ ပွေ့ဖက်ချင်စိတ်ကို သူ မထိန်းနိုင်ဘဲ ယခုအခါ သူသည် လုကျင်းရှို့၏ဘယ်လက်ကို ဆွဲယူကာ နမ်းလိုက်သည်။

ပထမဆုံးအကြိမ် လုကျင်းရှို့၏အခန်းထဲတွင် သူ နေစဉ်က လုကျင်းရှို့၏ ဘယ်လက်နှင့် ဘယ်ခြေထောက်တို့မှာ ပိန်ပါးကာ ထိတ်လန့်ဖွယ်ကောင်းနေသည်ကို သူ မြင်ခဲ့ရသည်အား သူသည် အမြဲမှတ်မိနေလိမ့်မည်ဖြစ်သည်။ လုကျင်းရှို့၏ ဒဏ်ရာများမှာ လုကျင်းရှို့ကိုယ်တိုင် လုပ်ထားခြင်းဖြစ်၏။

လုကျင်းရှို့က သူ၏ မသန်စွမ်းသော ဘယ်လက်နှင့် ဘယ်ခြေထောက်တို့ကို မနှစ်သက်ကြောင်း သံသယဖြစ်စရာမရှိချေ။

ဤသို့သော လုကျင်းရှို့ဟာ သူ့ကို စိတ်မကောင်းဖြစ်စေသည်။ သူသည် လုကျင်းရှို့တွင် သူ၏ လက်နှင့်ခြေတို့အတွက် စိတ်ပိုင်းဆိုင်ရာ အဟန့်အတား အမြဲထားရှိနေမည်အား မတွေ့ချင်သောကြောင့် သူသည် လုကျင်းရှို့နှင့် အတူရှိနေချိန်၌ သူ့အချစ်ကို ဖော်ပြရန် လုကျင်းရှို့၏ ဘယ်လက်ကို မကြာခဏ သွားရောက်နမ်းလေ့ရှိသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ဤရက်များတွင် လုကျင်းရှို့၏ ဘယ်လက်နှင့် ဘယ်ခြေထောက်တို့တွင် အမာရွတ်အသစ်များ မရှိလာတော့ချေ။ ထို့အပြင် လုကျင်းရှို့ဟာ မူလအစက ပြုမူခဲ့သကဲ့သို့ လူအများရှေ့တွင် သူ၏ဘယ်လက်ကို မထုတ်ပြလိုခြင်းမျိုး မရှိတော့ပေ။

လုကျင်းရှို့သည် သူ့ဘေးတွင် လှဲနေသော ယန်ကျင်းဇီကို ကြည့်ကာ ရှေ့တိုး၍ ယန်ကျင်းဇီ၏မျက်နှာကို နမ်းလိုက်သည်။

သူသည် ယန်ကျင်းဇီကို ကြိုက်နှစ်သက်ပြီး ယန်ကျင်းဇီနှင့် နီးနီးကပ်ကပ် ရှိနေရန် လိုလားသည်။

မနေ့ညမှ ယနေ့အထိ သူသည် အလွန်ပျော်ရွှင်လျက်ရှိသည်။

“ မင်း ငါ့ကို ကြိုက်တယ်လို့ မင်းမိဘတွေကို မင်း ပြောထားတာ ကြာပြီလား? ” လုကျင်းရှို့ မေးလိုက်သည်။

ယန်ကျင်းဇီက ရယ်သည် : “ ကိုယ် သူတို့ကို စောစောကြိုပြီး အသိပေးထားရမယ်လေ။ ”

ချစ်ခင်ပွန်း [ ဒုတိယမြောက် ]Dove le storie prendono vita. Scoprilo ora