အပိုင်း ၁၆၀ ( Mine Owner 9 )

778 44 6
                                    

ဖုဖေးသည် သူ ဘာကြောင့် ဤနေရာသို့ လာမိမှန်း မသိပေ။


အတိတ်၌ သူသည် ရှဇီရှို့ကို တစ်ညလုံး စောင့်ဆိုင်းခဲ့ဖူးသော်ငြား ရှဇီရှို့က ရောက်မလာခဲ့သည့်အပြင် သူ့ကို နောက်ပြောင်နေသကဲ့သို့ စကားတစ်ခွန်းကိုပင် မပြောခဲ့ချေ။ နောက်ပိုင်းတွင် သူသည် တစ်နေ့နေ့၌ ရှဇီရှို့ ၎င်းကို နောင်တရစေရမည်ဟု ဆက်တိုက်တွေးနေခဲ့သည်။


ထိုအတိုင်း သူ တကယ် လုပ်ခဲ့၏။


သူ့ဖခင်အရင်းမှာ တပ်မရှစ်၏ တပ်မှူး Cossack ဖြစ်သည်။ မူလက သူသည် အရည်အချင်းရှိသော မိဘမဲ့တစ်ဦးသာ ဖြစ်ပြီး ယခုမူ ကြယ်တာရာ မဟာမိတ်ရှိ မျိုးဆက်လူငယ်များ၏ ကဏ္ဍပေါင်းစုံတွင် ထိပ်ဆုံးတည်ရှိမှုအဖြစ် ရုတ်တရက် ဖြစ်လာခဲ့သည်။


ထိုမျှတင်မက သူ့ကို သဘောကျသော အဆင့် S အကူဆရာများလည်း ရှိသည်။


သူသည် သူ့ကိုယ်သူ အလွန်ဂုဏ်ယူမိပြီး ရှဇီရှို့ နောင်တရသည်ကိုလည်း အမှန်တကယ် တွေ့မြင်လိုက်ရသည်။


ယခင်က သူ့ကို ဆက်သွယ်ရန် တစ်ခါမှ အစမပျိုးဖူးသော ရှဇီရှို့က ဖခင်ကို ရှာဖွေရန် ဟူသော အကြောင်းပြချက်ဖြင့် သူ့ကို စတင်ဆက်သွယ်လာသည်။


သူသည် ယခင်က သူ မျက်စိကန်းနေသဖြင့် ဆင်းရဲသူကို မုန်းတီး၍ ချမ်းသာသူကို နှစ်သက်သော ရှဇီရှို့ကဲ့သို့ လူမျိုးအား ချစ်မိသည်ဟု ခံစားရသည်... 


သူသည် ရှဇီရှို့ကို ရယ်မောခဲ့ပြီး သူ့အနားမှ လူများကို ရှဇီရှို့အား ဒုက္ခပေးရန် ခွင့်ပြုလိုက်သည်။ သူနှင့်ရှချီချီကမှ စစ်မှန်သော စုံတွဲ ဖြစ်သည်... ရှဇီရှို့ကို မေ့လျော့သွားလိမ့်မည်ဟု သူ ထင်ခဲ့သည်။


သို့သော် ရှဇီရှို့က သူ့အာရုံကို ရရှိမည့် နည်းလမ်းကို အမြဲရှာတွေ့နိုင်ခဲ့၏။


ရှဇီရှို့က စစ်သည်တော်များ၏ စိတ်စွမ်းအင်ကို လမ်းညွှန်ပေးသော အလုပ်ကို သွားရောက်လုပ်ကိုင်သည်၊ ရှမိသားစုတွင် သူနှင့် အမှတ်မထင် တွေ့ဆုံသည်၊ ရှချီချီကို သီးသန့်ရှာဖွေသည်...

ချစ်ခင်ပွန်း ( ဘာသာပြန် ) [ ဒုတိယမြောက် ]Where stories live. Discover now