သူ့ကို တွယ်တာခြင်းများ ပြည့်နှက်နေသော ရှဇီရှိူ့၏ စိတ်စွမ်းအင်အမျှင်ငယ်လေးများမှာ ချစ်စရာကောင်းလွန်းသည်...
ယန်ကျင်းဇီသည် ၎င်းကို သူ့စိတ်စွမ်းအင်နှင့် ရစ်ပတ်လိုက်သည်။ သို့သော် ယခင်ကကဲ့သို့ ၎င်းကို ဖျစ်ညှစ်မည့်အစား သူသည် သူ့စိတ်စွမ်းအင်ကို ပျော့ပျောင်းစေကာ စတင်ချော့မော့လိုက်သည်။
၎င်းက ပျော်ပျော်ရွှင်ရွှင် လူးလွန့်သွားပြီး လှုပ်ရှားခြင်း မရှိတော့ဘဲ ရှဇီရှိူ့လည်း အိပ်ပျော်သွားသည်။
အိပ်ပျော်သွားပြီးနောက် ရှဇီရှိူ့၏စိတ်စွမ်းအင်က စိတ်လိုလက်ရ ထွက်လာကာ ယန်ကျင်းဇီ၏စိတ်စွမ်းအင်နှင့် လုံးထွေးလာသည်။
ယန်ကျင်းဇီသည် သူ့ကို နမ်းလိုက်ပြီး သူ့ထံမှ လာသော ပြင်းထန်သည့် အိပ်ငိုက်ခြင်းကို ခံစားလိုက်ရကာ အိပ်ချင်သွားသည်...
အောက်ထပ်တွင် Allen သည် ရှဝေချန်နှင့် သူ၏ဇနီးအတွက် အရသာရှိသော နံနက်စာကို ပြင်ဆင်ပေးခဲ့သည်။
ရှဝေချန်သည် အဆင့် S သို့ အဆင့်တက်ထားသော်ငြား သူ့ခွန်အားက Allen အောက် များစွာနိမ့်ကျသည်ကို အလွန်ကောင်းစွာ သိရှိထားရာ သူသည် Allen နှင့် ရင်ဆိုင်ရချိန်တွင် အမြဲတစေ အနည်းငယ် အဆင်မပြေဖြစ်မိနေသည်။
သူသည် သူ့အတွက် Allen ပြုလုပ်ပေးထားသော နို့လက်ဖက်ရည်ကို လက်နှစ်ဖက်နှင့် ယူကာ မနေနိုင်ဘဲ မေးမိသည် : " ဘာလို့ မင်း ပြင်ထားတဲ့ထဲ... ယန်ကျင်းဇီအတွက် မပါတာလဲ? "
Allen က ဆိုသည် : " သခင်လေးက နောက်ကျမှ နိုးလောက်တယ်... ဒီရက်တွေမှာ သူ ကောင်းကောင်းမအိပ်ရသေးဘူး။ "
ရှဝေချန် : " ကောင်းကောင်း မအိပ်ခဲ့ဘူးလား? " SSS အထက်တောင် ကျော်လွန်တဲ့ စိတ်စွမ်းအင်အဆင့်နဲ့ စစ်သည်တော်က ဆယ်ရက် ဒါမှမဟုတ် လတစ်ဝက်လောက် မအိပ်ရင်တောင်မှ ပြဿနာမရှိဘူးမလား?
ရှအမျိုးသမီးသည် ခင်ပွန်းဖြစ်သူ၏စကားကို ကြားသောအခါ ခင်ပွန်းဖြစ်သူကို မျက်စောင်းခဲလိုက်သည် – သူ(မ)တို့ ချစ်ခင်ခဲ့ကြတုန်းက ရှဝေချန်လည်း အိပ်ရာမထနိုင်ဘူး! သူ(မ)ကလည်း အိပ်ရာမထနိုင်ခဲ့ဘူး!