မာစတာအိပ်ခန်း၏ အဓိကမီးအလင်းကိုသာ လုကျင်းရှိူ့ ဖွင့်ထားသော်ငြား မီးအလင်းက လုံလုံလောက်လောက် လင်းလက်နေရာ သူသည် ယန်ကျင်းဇီ၏ အမူအရာများ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်နေသည်။
အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် ဤလူငယ်က သူ့ကို တစ်လုပ်တည်းဖြင့် မျိုချချင်သကဲ့သို့ သူ့ကို ကြည့်နေ၏။
ထို့နောက် ဖျတ်ခနဲဖြင့် ယန်ကျင်းဇီက အိပ်ရာထဲသို့ ခုန်ဝင်ပြီးဖြစ်သည်။
ဤအခိုက်အတန့်တွင် သူသည် အိပ်ရာပေါ်တွင် ထိုင်နေကာ စောင်က သူ့ကိုယ်အောက်ပိုင်းကိုသာ အုပ်ထားသည်။
ယန်ကျင်းဇီကရော? ယန်ကျင်းဇီက ရေချိုးပြီးနောက် သူ့ခန္ဓာကိုယ်ကို ကောင်းစွာ ရေမသုတ်ထားသဖြင့်...
လုကျင်းရှိူ့သည် ယန်ကျင်းဇီက တကယ် စိတ်လှုပ်ရှားနေကြောင်း မြင်တွေ့နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ယခု ယန်ကျင်းဇီက သူ့ရှေ့တွင် ရှင်းရှင်းလင်းလင်း ရှိနေသည်ပင်။
သူ့နှလုံးသားထဲမှ ဝမ်းနည်းမှု ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်ပြီး ပျော်ရွှင်မှုက အစားထိုးဝင်ရောက်လာကာ ဘေးအန္တရာယ်ကြုံတွေ့ရပြီးနောက် ခံစားရသော အသက်ရှင်သန်မှုခံစားချက်ပင် ပါဝင်၏။ ခဏတာကြာအောင် လူတစ်ကိုယ်လုံး အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည် : " ကျင်းဇီ... "
သူ ဆက်ပြောမည့်စကားဟာ ယန်ကျင်းဇီထံမှ တိုက်ရိုက်ပိတ်ဆို့ခံလိုက်ရသည် — ယန်ကျင်းဇီက သူ့ကို ခုန်အုပ်ပြီး သူ့ပါးစပ်ကို ထပ်မံကိုက်ခဲလာပြန်သည်။
သူ့လျှာက သူ့အပိုင် မဟုတ်တော့ဘဲ ယန်ကျင်းဇီ၏အစာ ဖြစ်သွားပြီဟု လုကျင်းရှိူ့ ခံစားလိုက်ရသည်။ ထိုမျှတင်မက ယခု သူသည် ယန်ကျင်းဇီကို မတွန်းထုတ်နိုင်တော့ပေ။
သူ သူ့ကို မတွန်းထုတ်ချင်သောကြောင့်လည်း ဖြစ်နိုင်သည်။