အပိုင်း ၁၇၄ ( Mine Owner 23 )

822 32 4
                                    


Zerg နှင့် တိုက်ပွဲက ပြီးဆုံးသွားပြီ။ ဤအခိုက်အတန့်တွင် လူတိုင်းဟာ စစ်နတ်ဘုရား mecha ကို ကြည့်နေကြပြီး mecha ထဲမှ ထွက်လာသော ယန်ကျင်းဇီကိုလည်း ကြည့်နေကြသည်။

သူတို့ရဲ့စိတ်ကူးအရကတော့ အရှင် Marshal က Mecha ထဲကနေ ချောချောမောမော ထွက်လာပြီး အားလုံးရဲ့ ကြိုဆိုမှုကို ခံစားရမှာ!

လူတော်တော်များများက အားပေးဖို့တောင် အဆင်သင့်ဖြစ်နေကြပြီ!

ယခုမူကား... လူအချို့သည် သူတို့၏ အားပေးစကားများကို ပြောရန် နှုတ်ဟပြီးနောက် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ကြသည်။

ဒီအချိန်မှာ အားပေးနေတာ... မင်း Marshal ဆီက အရိုက်ခံချင်လို့လား?

တပ်မှူးများအပြင် တိုက်ပွဲတွင် ပါဝင်ခဲ့ကြသော အနီးအနားရှိ လူများသည် ဤအချိန်တွင် ရှဇီရှို့နှင့် အတူရပ်နေကြပြီး သူတို့၏ အမူအရာများမှာ ယန်ကျင်းဇီနှင့် တွေ့ရသောအခါ တင်းတောင့်နေကြသည်။

ဗီလာထဲရှိ လူများသည်လည်း ဆွံ့အသွားကြ၏။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသူများဆိုလျှင်... ဘာအခြေအနေလဲ? ဘာလို့ အရှင် Marshal က ရုတ်တရက်ကြီး ခွင့်လွှတ်ဖို့ တောင်းပန်နေတာလဲ?

Allen သည် သူ့သခင်လေးကို ဤသို့တွေ့ရပြီး တည့်တည့်ပင် မကြည့်နိုင်ရှာပေ။

သူ့သခင်က သေချာပေါက် အချစ်ရူးပင်။ ရှဇီရှို့ မရှိချိန်တွင် သူက အေးစက်ပြီး ရက်စက်ကာ သူ့အကြည့်တစ်ချက်က လူအများကို တုန်ယင်စေသည်။ ဒါပေမယ့် ရှဇီရှို့ အနားမှာရှိသရွေ့ သူ့ပုံစံက အမြဲမှားနေတယ်!

ရှဇီရှို့လျှင်ပင် ဤစကားပုံစံမျိုးကို မြင်ရသောအခါ ဒေါသမထွက်နိုင်တော့ဟု ခံစားလိုက်ရပြီး သူ့စိတ်စွမ်းအင်က ပို၍ပင် စိတ်အားထက်သန်လာသည်။

ယန်ကျင်းဇီရဲ့ ဒီပုံစံက နည်းနည်းချစ်ဖို့ကောင်းတယ်လို့ သူ ထင်မိတယ်!

ရှဇီရှို့သည် သူ့ခေါင်းပေါ်သို့ လက်တစ်ဖက်ကို ဆန့်ထုတ်၍ တင်လိုက်ပြီး ဤနည်းလမ်းကို အသုံးပြုခြင်းဖြင့် သူ့စိတ်စွမ်းအင် ထွက်မလာအောင် ကြိုးစားနေသည်။

ချစ်ခင်ပွန်း [ ဒုတိယမြောက် ]Where stories live. Discover now