အပိုင်း ၁၆၄ ( Mine Owner 13 )

2.6K 413 13
                                    

ယန်ကျင်းဇီသည် ရှဇီရှိူ့၏ အချက်အလက်များကို ဖတ်ရှုပြီးဖြစ်ကာ ဖုဖေးကြောင့် လူအများအပြားက ရှဇီရှိူ့ကို ပစ်မှတ်ထားခဲ့ကြကြောင်း သိရှိခဲ့သည်။ ဒါပေမယ့် သူတို့ ဈေးဝယ်ထွက်တုန်း လူတွေက ရန်လာစလိမ့်မယ်လို့ သူ မထင်ထားဘူး!

ယန်ကျင်းဇီသည် ချက်ချင်း ဒေါသပေါက်ကွဲသွားပြီး သူ့စိတ်စွမ်းအင်ကို ထုတ်လိုက်သည်...

သို့သော် သူ့စိတ်စွမ်းအင်များ ထွက်လာသည်နှင့်တပြိုင်နက် သူသည် ရှဇီရှိူ့စိတ်စွမ်းအင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

ယန်ကျင်းဇီ၏စိတ်စွမ်းအင်ကို ထိန်းထားလျက်ဖြင့် ရှဇီရှိူ့သည် မျက်နှာချင်းဆိုင်ရှိလူကို မထီမဲ့မြင် ကြည့်လိုက်သည် : " ရွှေသခင် ရှာရတာကို မင်း သဘောကျတာ ဘာမှမဖြစ်ပေမယ့် သူများတွေကို မင်းလို ရွံစရာလို့ မတွေးစမ်းပါနဲ့။ "

သူ့ရှေ့မှ အကူဆရာ၏ ဖခင်ကလည်း အထက်တန်းလွှာတစ်ဦး ဖြစ်ပြီး စစ်သည်တော်၏ဖခင်မှာ ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက အဆင့်အတန်း မနိမ့်ကြဘဲ ရန်သွားစရန် မလွယ်ကူချေ။ ယန်ကျင်းဇီက သူတို့ကို စိတ်ဆိုးစေမည်အား ရှဇီရှိူ့ စိုးရိမ်မိပြီး ဤအချိန်တွင် သူသည် သူ့စိတ်စွမ်းအင်ကို အသုံးပြု၍ ယန်ကျင်းဇီကို နှစ်သိမ့်ပေးနေသည်။

သို့ရာတွင် သူကိုယ်တိုင်ကမူ အလွန်ရိုင်းစိုင်းသော ပုံစံဖြင့် စကားပြောခဲ့သည်။

"ဒီလိုလူမျိုး" ဆိုတာ ဘာစကားလဲ? ယန်ကျင်းဇီက အရမ်းကောင်းတယ်!

ပြီးတော့ ဒီလူက သူ့ကို ရွှေသခင် ရှာနေတယ်လို့ ယန်ကျင်းဇီရှေ့မှာ တကယ်ကြီး အသရေလာဖျက်တယ်! အရမ်းမုန်းဖို့ကောင်းတယ်!

ယန်ကျင်းဇီသည် ရှဇီရှိူ့၏ဒေါသကို ခံစားမိပြီး ရှဇီရှိူ့ကို ချက်ချင်းပင် ပြန်နှစ်သိမ့်ပေးသည်။ သူတို့နှစ်ဦး၏ စိတ်စွမ်းအင်များမှာ နောက်တစ်ကြိမ် အတူရောထွေးသွားကြပြန်သည်။

မူလက ရှဇီရှိူ့သည် ခွဲခွာရန် ခက်ခဲလွန်းသော သူတို့၏ စိတ်စွမ်းအင်များကြောင့် ရှက်ရွံ့မိသဖြင့် ကားပေါ်မှ မဆင်းမီ သူတို့၏စိတ်စွမ်းအင်များကို ပြန်သိမ်းထားခဲ့ကြသည်။ ယခုမူ... ထပ်ပေါ်လာပြန်ပြီ!

ချစ်ခင်ပွန်း [ ဒုတိယမြောက် ]Where stories live. Discover now