အပိုင်း ၁၈၇ ( Rich Second Generation 11 )

652 29 2
                                    

ယန်ကျင်းဇီသည် လက်တစ်ဖက်က သူ့နှလုံးသားကို ဆုပ်ကိုင်ပြီး တင်းမာစွာ ညှစ်လိုက်သကဲ့သို့ပင်သာ ခံစားလိုက်ရတော့သည်။


လုကျင်းရှို့က ရေကူးနည်းကို သိသော်ငြား သူ့ကိုယ်သူ ရေနစ်ခွင့်ပြုခဲ့သည်။ အဲ့အချိန်မှာ သူ ဘယ်လောက်အားငယ်နေခဲ့လိုက်မလဲ?


သို့သော် ဤအကြောင်းဖြင့် ရှင်းမပြနိုင်ခဲ့သော ကိစ္စအချို့ကိုလည်း ရှင်းပြနိုင်လာသည်။


ဥပမာအားဖြင့် မူလပိုင်ရှင်က သူ့အစားအစာတွေထဲမှာ အန္တရာယ်ရှိတဲ့ဆေးတွေ ထည့်ခဲ့ပြီး သူ့ကို ထိခိုက်စေချင်နေတာကို သိပြီးတာတောင်မှ ဘာကြောင့် လုကျင်းရှို့က မူလပိုင်ရှင်ဆီကို တစ်ယောက်တည်း သွားမေးတာလဲ?


ဖြစ်နိုင်တာက သူ... အသက်မရှင်ချင်တော့လို့။


ယန်ကျင်းဇီသည် လုကျင်းရှို့၏ ခန္ဓာကိုယ်အခြေအနေကို မနက်က သိရှိပြီးနောက် အမြဲအဆင်မပြေဖြစ်နေခဲ့သည်။ သူသည် လုကျင်းရှို့ကို မမြင်စေချင်သောကြောင့် လုကျင်းရှို့ရှေ့တွင် အဆင်ပြေသယောင် ဟန်ဆောင်နေခဲ့၏။


သို့သော် ယခုမူ သူ ဤကဲ့သို့ ဆက်ဟန်မဆောင်နိုင်တော့ပေ။


ယန်ကျင်းဇီသည် လုကျင်းရှို့ထံသို့ ရောက်ရှိပြီး ရုတ်တရက်ကြီး ဆိုဖာရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ လုကျင်းရှို့ကို ဖက်လိုက်သည်။


လုကျင်းရှို့ အံ့အားသင့်သွားသည် — ယန်ကျင်းဇီ ဘာဖြစ်တာလဲ?


" ကျင်းရှို့၊ ကိုယ် တကယ် မင်းကို ချစ်တယ်။ မင်းက ကိုယ့်ဘဝထက်တောင် ပိုအရေးကြီးတယ်။ " ယန်ကျင်းဇီက တီးတိုးဆိုသည်။


သူ့အသံက မကျယ်သော်လည်း မယှဉ်သာစွာ တည်ကြည်သည်။ လုကျင်းရှို့သည် ၎င်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး အနည်းငယ် တုန်ယင်သွားသည်။


ဤရက်များတွင် ယန်ကျင်းဇီက သူ့ကို မျိုးစုံဂရုစိုက်ခဲ့သော်ငြား ဤကဲ့သို့သော အချစ်စကားများကိုတော့ တစ်ခါမှ မပြောခဲ့ချေ။ သူ့ခန္ဓာကိုယ်မှာ စိတ်အားထက်သန်မှုကြောင့် ပူနွေးတက်လာပြီး သူသည် အနည်းငယ် မူးဝေလာကာ သူ့နှလုံးခုန်သံလည်း မြန်ဆန်လာသည်။

ချစ်ခင်ပွန်း [ ဒုတိယမြောက် ]Where stories live. Discover now