အပိုင်း ၁၃၂ ( Rogue Champion 8 )

2.8K 540 10
                                    

ဝေ့လင်းရှိူ့သည် မနေနိုင်တော့ဘဲ ယန်ကျင်းဇီကို ပညာသင်စာမေးပွဲအတွက် ‌စာလေ့လာရခြင်း၏ အကျိုးကျေးဇူးများအကြောင်း ပြောပြလိုက်လေသည်။

xiucai တစ်ဦး ဖြစ်လာလျှင် အခွင့်ထူးတချို့ ရရှိနိုင်ပြီး မိသားစုကို ထောက်ပံ့ရန် ကျောင်းသားများကိုလည်း လက်ခံနိုင်ပြီဖြစ်သည်။ juren တစ်ဦးအဖြစ် သတ်မှတ်ခံရပြီးနောက်တွင် ပို၍ပင် ထူးခြားသည်။ တောင်ပိုင်းတွင် စာပေပညာရှင်များ ပိုပိုပြီး များပြားလာသော်လည်း ဝေးလံခေါင်သီသော နေရာတစ်ခုသို့ သွား၍ စာရင်းချုပ် သို့မဟုတ် တစ်ခုခု ဖြစ်လာရန်မှာ ပြဿနာမရှိသေးချေ။ ဆရာတစ်ဦးလည်း ဖြစ်လာနိုင်ဆဲပင်။

*jinshi တစ်ဦး ဖြစ်လာနိုင်လျှင်တော့ သေချာပေါက်ပင် ကောင်းကင်သို့ ခြေတစ်လှမ်း လှမ်းနိုင်ခြင်းဖြစ်သည်။

{ *jinshi - ( အဆင့်မြင့်ပညာရှင် ) သုံးနှစ်တစ်ကြိမ် ကျင်းပသည့် တော်ဝင်စာမေးပွဲကို အောင်မြင်ပြီးသော ဘွဲ့ရပညာရှင်။ }

ဝေ့လင်းရှိူ့သည် ယခင်က ဤစကားများကို များစွာကြားဖူးခဲ့သော်လည်း သိပ်ပြီး အာရုံမစိုက်ခဲ့ပေ။ ဤလမ်းဟာ တကယ့်ကို လျှောက်လှမ်းရခက်ခဲသည်။ သို့သော် ယန်ကျင်းဇီဆိုလျှင်တော့ ၎င်းကို ယန်ကျင်းဇီက စမ်းကြည့်သင့်ကြောင်း ထင်မိသည်။

ဝေ့လင်းရှိူ့ စကားပြောပြီးနောက်တွင် ယန်ကျင်းဇီက ဝေ့လင်းရှိူ့ကို ကြည့်လာသည် : “ မင်း ပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒါကြောင့် မင်း သေချာပေါက် စာကို ကြိုးစားလေ့လာရမယ်။ ”

ဝေ့လင်းရှိူ့ : “ ??? ”

ယန်ကျင်းဇီက ထပ်ပြောသည် : “ ငါ မင်း စာလေ့လာတာကို စောင့်ကြည့်ပေးမယ်။ အခုကစပြီး မင်း စာအုပ်ကို သေသေချာချာ ဖတ်နိုင်တယ်။ ပြီးတော့ ငါတို့ ရက်အနည်းငယ်အတွင်း ဆရာတစ်ယောက်ကို ရှာကြမယ်။ ဒါဆို မင်း အနာဂတ်မှာ စာမေးပွဲဖြေဆိုနိုင်ပြီ! ”

ဝေ့လင်းရှိူ့သည် အံ့အားသင့်သွားရသည်။ သူသည် ယခင်က tongsheng စာမေးပွဲကို ဖြေဆိုဖူးသော်လည်း စာမေးပွဲမအောင်ခဲ့ပေ။ အခု ယန်ကျင်းဇီက တကယ်ပဲ သူ့ကို xiucai စာမေးပွဲ ဖြေစေချင်တာလား? သို့ရာတွင် အရေးကြီး‌ဆုံးကမူ... “ အစ်ကိုယန်၊ တော်ဝင်စာမေးပွဲက အရည်အချင်းနဲ့ နိုင်ငံရေးဂုဏ်သိက္ခာ နှစ်ခုစလုံး လိုအပ်တယ်။ ငါက မဖြစ်နိုင်တော့ဘူး။ ”

ချစ်ခင်ပွန်း ( ဘာသာပြန် ) [ ဒုတိယမြောက် ]Unde poveștirile trăiesc. Descoperă acum