အပိုင်း ၁၅၇ ( Mine Owner 6 )

810 46 1
                                    

ရှဇီရှို့နှင့် နှောင်ကြိုးသွယ်ပြီးသည်ကို ရှာဖွေတွေ့ရှိပြီးနောက် ယန်ကျင်းဇီသည် အလွန်ပျော်ရွှင်သွားသည်။ သူ့စိတ်စွမ်းအင်က ပန်းအကကဲ့သို့ လျင်လျင်မြန်မြန် ကခုန်သွား၏။ အမှန်ပင်၊ သူသည် သူ၏ ပျော်ရွှင်မှုများနှင့် ချစ်ခြင်းတို့အားလုံးကိုလည်း ရှဇီရှို့ထံသို့ ပေးပို့ခဲ့သည်။

သူ၏ စိတ်စွမ်းအင်အမျှင်တိုင်းဟာ ရှဇီရှို့ထံသို့ "မင်းကို သဘောကျတယ်" နှင့် "မင်းကို ချစ်တယ်" ဟူသော ခံစားချက်များကို ဖော်ပြလျက်ရှိသည်။

ရှဇီရှို့၏မျက်နှာသည် နီမြန်းနေပြီဖြစ်သည်။

သူ အမြဲတွေးခဲ့သည်မှာ သူသည် နှောင်ကြိုးဖွဲ့ချင်လျှင် အလွန်သတိထားကာ ပထမဦးစွာဖြင့် အချင်းချင်း ဆယ်နှစ်ကြာအောင် သိကျွမ်းရမည်ဟုပင်။ တခဏတာ စိတ်အားထက်သန်ချိန်အတွင်း၌ ရိုးရှင်းလွယ်ကူစွာ နှောင်ကြိုးဖွဲ့မိလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ...

သူသည် ဘာဖြစ်နေမှန်းပင် မသိချေ။ နှောင်ကြိုးဖွဲ့ဖို့ အရမ်းလွယ်လို့လား? သူ ထင်ခဲ့တာက လူတွေက အထူးအကြံပေးတာကို အရင်လက်ခံပြီးမှ အကူဆရာများ အဖွဲ့အစည်းမှာ နှောင်ကြိုးဖွဲ့ရတာလားလို့?

သံသယများ ပြည့်နှက်နေသော်လည်း ရှဇီရှို့သည် အလွန်ပျော်ရွှင်နေဆဲ ဖြစ်သည်။

သူသည် ပြင်းထန်သော ထိုချစ်ခြင်းကြောင့်ပင် နစ်မျောသွားခဲ့ရသည်။

တစ်ချိန်တည်း၌ ထာဝရနှောင်ကြိုးကြောင့် သူ့ခံစားချက်များကို မဖုံးကွယ်နိုင်ချေ။ စိတ်စွမ်းအင်အမျှင်များမှာ ယန်ကျင်းဇီ၏စိတ်စွမ်းအင်နှင့် လွန်စွာရောထွေးနေပြီး သေသည့်တိုင်အောင် လက်မလွှတ်ပေး ဟူသော အခြေအနေဖြင့် ရှိနေကာ သူသည်လည်း ယန်ကျင်းဇီထံသို့ ထပ်တူကျသော ခံစားချက်များကို ပေးပို့‌လျက်ရှိသည်။

သူတို့နှစ်ဦးသည် အချင်းချင်း ထိုသို့ကြည့်နေကြပြီး သူတို့၏မျက်နှာများ နီမြန်းသွားကြသည်။

Allen : " ... "

အိမ်တော်ထိန်း Allen သည် ဆွံ့အနေပြီဖြစ်သည်။ မဟုတ်သေး၊ ဆွံ့အသည်ဟု သူ့ကို ဖော်ပြရန် မလုံလောက်ချေ။ သူသည် ယခုအခါ လုံးဝ ကြက်သေသေနေသည်။

ချစ်ခင်ပွန်း [ ဒုတိယမြောက် ]Where stories live. Discover now